top of page


CDF Zophei ဌာနချုပ်အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်
VOC/ June 11, 2026 ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF-Zophei တပ်ဖွဲ့ရဲ့ ဌာနချုပ်အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ပိုင်းမှာ ၅ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ဇွန်လ ၁၁ ရက်မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေ ဂျက်ဖိုက်တာဖြင့် စတင်ဗုံးကြဲနေပြီး ယခုသတင်းရေး သားနေတဲ့အချိန်ထိ ဆက်လက်ဗုံးကြဲနေတယ်လို့ သိရပါတယ်။ အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
Jun 12


စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ နာမည်ကျော် Sagrada Família ဘုရားကျောင်းတော်ကြီး
စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ နာမည်ကျော် Sagrada Família ဘုရားကျောင်းတော်ကြီး တွင် ပုပ်ရဟန်းမင်းကြီး Pope Leo XIV က ဇွန် ၁၀ ရက်က မစ္ဆား တရားတော်မြတ်ပွဲကျင်းပပြီး ကမ္ဘာ့အမြင့်ဆုံး ဘုရားကျောင်းဖြစ်လာစေသည့် အမြင့် ၅၆၆ ပေရှိ “Jesus Christ Tower” မျှော်စင်ကို တရားဝင် ကောင်းချီးပေးခဲ့ပါတယ်။ အဆိုပါ အခမ်းအနားဟာ ဘုရားကျောင်း စတင်တည်ဆောက်ခဲ့တဲ့ နှစ်ပေါင်း ၁၄၄ နှစ်ပြည့်နှင့် ဗိသုကာပညာရှင် Antoni Gaudí ကွယ်လွန်ခဲ့သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါတယ်။ မစ္ဆာပွဲသို့ စပ
Jun 12


ရော်နယ်ဒို ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ပေါ်တူဂီက နိုင်ဂျီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ယူ
VOC/ Sport/ 10 June 2026 ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲမှာ နိုင်ဂျီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက ရော်နယ်ဒိုဟာ ဂိုးသွင်းဖို့ အခွင့်ကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့ အခွင့်ရေးကိုပါ လွဲချော်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ “ရော်နယ်ဒိုကြောင့် ပေါ်တူဂီ ကမ္ဘာ့ဖလားမရနိုင်ဘူး” ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ ပေါ်တူဂီရဲ့ အဖွင့်ဂိုးကို ပက်ဒရို
Jun 12


ရန်ကုန်မြို့မှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုကြောင့် ထိုင်းအမျိုးသမီးတစ်ဦး ထိန်းသိမ်းခံထားရ
VOC/ June 10, 2026 ရန်ကုန်မြို့၊ အင်းလျားလမ်းပေါ်ရှိ Sakura Residence and Hotel မှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးခဲ့တဲ့အတွက် အမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး ဇွန်လ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိဘူးလို့ သိရပါတယ်
Jun 10


အမေရိကန်ဗီဇာငြင်းပယ်ခံရတဲ့ ဒိုင်လူကြီးကို ဆိုမာလီယာပရိသတ်များနဲ့အာဏာပိုင်များ မိုဂါဒစ်ရှူးလေဆိပ်မှာ ဂုဏ်ပြုကြိုဆို
VOC/ Sports/ June 10, 2026 အမေရိကန်ကို ဝင်ရောက်ခွင့်ငြင်းပယ်ခံလိုက်ရတဲ့ ဆိုမာလီယာနိုင်ငံမှ ကမ္ဘာ့ဖလားဒိုင်လူကြီးဟာ ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှူးကို ဇွန်လ ၁၀ရက်က ပြန်လည်ရောက်ရှိလာပြီး ပရိသတ်များနဲ့ အစိုးရအရာရှိတွေက ကြိုဆိုကြပါတယ်။ ကမ္ဘာ့ဖလားမှာ ဒိုင်လူကြီးအဖြစ် ရွေးခြယ်ခံရတဲ့ Omar Artan ဟာ တာဝန်ယူခွင့်ရပါက ဆိုမာလီယာမှ ပထမဆုံးဒိုင်လူကြီးဖြစ်လာမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၅ ခုနှစ်မှာ အာဖရိကတိုက်ရဲ့ အကောင်းဆုံး အမျိုးသားဒိုင်လူကြီးအဖြစ် ရွေးချယ်ခံထားရပါတယ်။ ဇွန်လ ၉ ရက်နေ့က အမေရိကန်အာ
Jun 10


BreakingNews| CDF-Thantlang တပ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းဖြင့် ကျူးကျော် တိုက်ခိုက်
VOC/ June 10, 2026 ချင်းပြည် ထန်တလန်မြို့နယ်အခြေစိုက် CDF-Thantlang တပ်ဖွဲ့ရဲ့ Ranger စခန်း ကို အကြမ်းဖက်စစ်တပ်က ယနေ့နေ့လည်ပိုင်းက အသေခံဒရုန်းဖြင့် ကျူးကျော် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၁၀ ရက်၊ နေ့လည် ၁၂:၀၀ နာရီဝန်းကျင်မှာ ထန်တလန်မြို့ထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က CDF-Thantlang Ranger စခန်းကို အသေခံဒရုန်း ၃ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သတင်းရင်းမြစ်က ပြော ပါတယ်။ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စခန်းအနည်းငယ်ပျက်စီးမှုရှိပေမယ့် ရဲဘော်တွေတော့...
Jun 10


အိုက်စလန်-အာဂျင်တီးနား ခြေစမ်းပွဲမှာ အရန်ခုံက လူစားဝင်ပြီး တစ်ဂိုးသွင်းယူခဲ့တဲ့ မက်ဆီ
VOC/ Sports/ June 10, 2026 အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားပွဲစဉ်မစတင်မီ အိုက်စလန်အသင်းနဲ့ အလာဘားမားပြည်နယ်၊ အော်ဘန်းမြို့မှာ နောက်ဆုံးခြေစမ်းပွဲစဉ်ကစားခဲ့ရာမှာ ၃-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ Lionel Messi ကလည်း အရန်ခုံကနေ မိနစ် ၇၀ မှာ လူစားဝင်ခဲ့ပြီး ပင်နယ်တီတစ်ဂိုးသွင်းယူပြီး သူ့ရဲ့ခြေစွမ်းကျန်နေသေးတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ၁၁၇ ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးလည်း ဖြစ်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ Messi ဟာ အာဂျင်တီးနားရဲ့ ပထမခြေစမ်းပွဲစဉ်ဖြစ်တဲ့ ဟွန်ဒူးရပ်စ်နဲ့ပွဲစဉ်မ
Jun 10


အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တစ်မြို့လုံးနီးပါးထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကလေး-တမူးကားလမ်းမပေါ်က ခမ်းပါတ်မြို့အခြေအနေ
VOC/ June 10, 2026 အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေတာကြောင့် အဲဒီလမ်းကြောင်းပေါ်က ခမ်းပါတ်မြို့အပါအဝင် အနီးနားပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူထောင်ချီတို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ကလေး-တမူးကားလမ်းမပေါ်မှာတည်ရှိတဲ့ ခမ်းပါတ်မြို့ဟာ အိမ်ခြေ ၇၀၀၀ ကျော်နဲ့ လူဦးရေ ၃ သောင်းကျော်နေထိုင် တဲ့ မြို့ကြီးတစ်မြို့ဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက
Jun 10


မင်းတပ်ကို စစ်တပ်က ဗုံး ၁၀ လုံးကျော်ဖြင့်ထပ်မံတိုက်ခိုက်
VOC/ June 10, 2026 အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုဆက်လုပ်ပြီး ဒီကနေ့မှာလည်း ဗုံး ၁၀ လုံးကျော် ကြဲချခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို ၄ ကြိမ်၊ ဗုံး ၈ လုံးကြဲချခဲ့တယ်လို့သိရပါတယ်။ ညနေပိုင်း ၂ နာရီခွဲဝန်းကျင်မှာလည်း နေပြည်တော်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက မင်းတပ်မြို့ပေါ်တနေရာကို ၂ ကြိမ်၊ ဗုံး ၄ လုံးကြဲချခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်တောင်ပိုင်း မင်းတပ် န
Jun 10


မေလအတွင်းမှာ အလင်းဝင်လာသူ နဲ့ လက်နက်ချအညံ့ခံစစ်သုံ့ပန်း ၁၄၀ ကျော်ရှိ
VOC/ June 10, 2026 ပြီးခဲ့တဲ့မေလအတွင်းမှာ အကြမ်းဖက်စစ်တပ်ကို ကျောခိုင်းပြီး အလင်းဝင်ပူးပေါင်းလာသူ နဲ့ လက်နက်ချအညံ့ခံ စစ်သုံ့ပန်း ၁၄၀ ကျော်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်းက ထုတ်ပြန်ပါတယ်။ အလင်းဝင်ပူးပေါင်းလာတဲ့ စစ်သား၊ ရဲ၊ ပြည်သူ့စစ် ၄၀ ဦး နဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၀၃ ဦး စုစုပေါင်း ၁၄၃ ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်မှ မနေ့က ထုတ်ပြန်ပါတယ်။ အလင်းဝင်လာကြသူတွေထဲမှာ စစ်သား ၃၇ ဦးနဲ့ ပြည်သူ့စစ် ၃ ဦးတို့ဖြစ်ပြီး၊ စစ်သား ၃၇ ဦးမှာ ၂၉ ဦးကတော့ စစ်မှု ထမ်း တပ်သားသစ်တွေ ဖြစ်
Jun 10


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ့နဲ့ တွေ့ဆုံရန်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော
VOC/ June 10, 2026 တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့နဲ့ လာမယ့်ရက်ပိုင်းအတွင်းတွေ့ဆုံဖို့ရှိတယ်လို့ အာဆီယံအလှည့် ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီ မာရီယာ သီရီဆာ လာဇာရို (Ma. Theresa Lazaro) က ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ Nikkei သတင်းဌာနက ဒီနေ့ပြုလုပ်တဲ့အာရှဆိုင်ရာဆွေးနွေးပွဲ ဖိုရမ်ကို တက်ရောက်ချိန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လာည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောလိုက်တာလို့ ရိုက်တာသတင်းဌာနက သတင်းဖေ
Jun 10


ဟားခါးကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ထန်တလန်မြို့ထဲဝင်ရောက်နေရာယူ
VOC/ June 10, 2026 ချင်းပြည် ဟားခါးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မနေ့ဇွန်လ ၉ ရက်နေ့က ထန်တလန်မြို့ ထဲကို ဝင်ရောက်နေရာယူထားနိုင်ပြီလို့ စုံစမ်းသိရှိရပါတယ်။ အင်အား ၂၅၀ ဝန်းကျင်ခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ တိုက်ခိုက်ရေးဒရုန်း၊ ဗုံးသီး၊ ခဲယမ်းရိက္ခာတွေနဲ့ အတူ စစ်ကား ၄ စီးဖြင့် ဇွန်လ ၃ ရက်နေ့က ဟားခါးမြို့ကနေ ထွက်လာကြတာဖြစ်ပါတယ။ အဲဒီနောက် သီမစ်ဒေသမှာ စစ်အင်အားစုဖွဲ့ပြင်ဆင်ပြီး ဇွန်လ ၆ ရက်နေ့မှာ C3 တောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်ကာ ထန်တလန်ဘက်ကို...
Jun 10


မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်၊ အကြမ်းဖက်စစ်သား ၂ ဦးသေ၊ ၁၄ ဦးလက်နက်ချအညံ့ခံ
VOC/ June 10, 2026 မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၁၄ ဦး လက်နက်ချအညံ့ခံ ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က ဒီကနေ့မှာထုတ်ပြန်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ မေလ (၁၀) ရက်ကနေ ဇွန်လ (၂) ရက်နေ့အထိ မြစ်ခြေမြို့ကပြည်သူလူထုပိုင် နေအိမ် အဆောက်အဦးပေါင်း (၁၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ (၂၄) ဦး (အတည်ပြုနိုင်သည့်) ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန
Jun 10


၂၀၂၆ ကမ္ဘာ့ဖလားမှ စိတ်ဝင်စားစရာအချက်တချို့
VOC/ Sports / June 10, 2026 ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုတော့ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံးအားကစားလို့ပြောလို့ရတဲ့ ဘောလုံးအားကစားမှာမှ အကောင်းဆုံးဆိုတဲ့အသင်းတွေချည်း ပါဝင်ယှဉ်ပြိုင်ကြတာမို့ ကမ္ဘာ့ဖလားဟာ ကစားသမားတစ်ယောက်ရဲ့ဘဝမှာတော့ ဂုဏ်ယူစရာအကောင်းဆုံး၊ သိက္ခာအရှိဆုံးဆုဖလားဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အိမ်ရှင် သုံးနိုင်ငံပူးတွဲကျင်းပ ဒီပြိုင်ပွဲဟာ အရင်ပြိုင်ပွဲတွေနဲ့မတူဘဲ ထူးခြားချက်တွေ ၊ ပထမဆုံးဆိုတဲ့အရာတွေ များပြားနေတာတော့
Jun 10


မြန်မာအပါအဝင် အကျပ်အတည်းများ ကြုံတွေ့နေရတဲ့ ၂၁ နိုင်ငံအတွက် အမေရိကန်က ဒေါ်လာ ၃.၈ ဘီလီယံ ကူညီမည်
VOC/ 9 June 2026 မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း ပဋိပက္ခနှင့် လူသားချင်းစာနာရေး အကျပ်အတည်းများ ကြုံတွေ့နေရတဲ့ ၂၁ နိုင်ငံရှိ ပြည်သူ သန်းပေါင်းများစွာကို အရေးပေါ် ကူညီပံ့ပိုးရန်အတွက် အမေရိကန် ပြည်ထောင်စု က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ရန်ပုံငွေကို ပိုမိုမြန်ဆန်၊ ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိစေရန် ပြုပြင်ပြောင်းလဲထားသော ကူညီထောက်ပံ့မှု ပုံစံသစ်ဖြင့်...
Jun 10


Belfast မြို့မှာ ဒေသခံ တစ်ယောက်ကို ခေါင်းဖြတ်ဖို့ ကြိုးစားတဲ့ ဗီဒီယိုဖိုင်ကြောင့် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ် အချို့ နဲ့ ကားများကို မီးရှို့
VOC/ June 9 2026 မြောက်အိုင်ယာလန်၊ ဘဲလ်ဖတ်စ်မြို့ (Belfast) တွင် ဆူဒန် ရွှေ့ပြောင်းအခြေချသူ အမျိုးသားက လူဖြူဒေသခံတစ်ယာက် ရဲ့ လည်ပင်းနှင့် ခေါင်းကို လမ်းလယ်ခေါင်တွင် ဓားဖြင့် ထပ်ခါတလဲလဲ ထိုးပြီးခေါင်းဖြတ်ဖို့ ကြိုးစားနေပုံရတဲ့ ကြောက်မက်ဖွယ် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဘဲလ်ဖတ်စ်မြို့ (Belfast) တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့ညပိုင်းက ဆန္ဒပြသူများက နေအိမ် အချို့၊ Glider ဘတ်စ်ကားတစ်စီးနှင့် ရဲကားတစ်စီးကို မီးရှို့ခဲ့ကြသလို၊ ရဲအရာရ
Jun 10


NBA ဘတ်စကက်ဘော ဗိုလ်လုပွဲစဉ် (၃) ကို ထရမ့်တက်ရောက်၊ ပွဲအပြီးမှာ အကြီးကျယ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့လို့ ၂၄ ဦး အဖမ်းခံရ
VOC/ 08 June 2026 အမေရိကန် NBA ဘတ်စကက်ဘော ဗိုလ်လုပွဲ (NBA Finals) ပွဲစဉ် (၃) တွင် ဆန်အန်တိုနီယို စပါးစ် (San Antonio Spurs) အသင်းက နယူးယောက် နစ်ခ်စ် (New York Knicks) အသင်းကို ၁၁၅ မှတ် - ၁၁၁ မှတ်နဲ့ ဇွန်လ ၈ ရက် တင်္နလာနေ့ည မှာ အနိုင်ရရှိလိုက်ပါတယ်။ ဒီပွဲကို အမေရိကန်သမ္မတ ထရန့် ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး၊ ဒါဟာ အမေရိကန်သမိုင်းမှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအနေနဲ့ NBA ပွဲကို ပထမဆုံးအကြိမ် လူကိုယ်တိုင် လာကြည့်တာလည်း ဖြစ်ပါတယ်။ အေဗရီ ဝီလ်ဆင် (Avery Wilson) က...
Jun 10


ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံး
VOC/ June 9, 2026 ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့တဲ့ စည်းရုံးလှုံ့ဆော်ရေးနှင့် ဆက်ဆံရေးတည်ဆောက်ရေး ခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားပြီလို့ ဒီကနေ့ မှာ အသိပေးထုတ်ပြန်လာပါတယ်။ ကနေဒါခရီးစဉ်မှာ SCEF ကိုယ်စားလှယ်အဖွဲ့ကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်း
Jun 10


စတော့ရှယ်ယာဈေးနှုန်းကို ဒေါ်လာ ၁၃၅ နဲ့ရောင်းချပြီး ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၁.၇၇ ထရီလီယံထိ မြင့်တက်လာမယ့် SpaceX
VOC/ June 9, 2026 Elon Musk ပိုင်ဆိုင်ထားတဲ့ SpaceX ဟာ အများပြည်သူကကို ရောင်းချဖို့ တရားဝင်ဈေးကွက်တင်ခြင်းမပြုခင်မှာ ရှယ်ယာတစ်စုကို ဒေါ်လာ ၁၃၅ နဲ့ ပုံသေဈေးနှုန်းသတ်မှတ်ခဲ့တယ်လို့ Securities and Exchange Commission ကို တင်သွင်းထားသော စာရွက်စာတမ်းများကို ကိုးကားပြီး CNBC ကရေးသားဖော်ပြပါတယ်။ SpaceX သည် ရှယ်ယာ ၅၅၅.၆ သန်း ရောင်းချရန် စီစဉ်ထားပြီး ဒါဟာ ဒေါ်လာ ၇၅ ဘီလီယံ ရန်ပုံငွေရှာဖွေမှု ပမာဏဖြစ်ပါတယ်။ အာမခံပေးသူများသည် IPO ဈေးနှုန်းဖြင့် နောက်ထပ် ရှယ်ယာ ၈၃.၃၃ သန်း ဝယ်ယူရန် ရွေးချယ
Jun 9


မြန်မာနိုင်ငံသား ၄၄ ဦး အပါအဝင် တရားမဝင်နိုင်ငံခြားသား ၁၀၁ ဦးကို မလေးရှားက မိခင်နိုင်ငံပြန်ပို့
VOC/ June 9, 2026 မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ပီကန်နာနာ့စ်မြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းခံ ထားရတဲ့ မြန်မာနိုင်ငံသား ၄၄ ဦး အပါအဝင် နိုင်ငံခြားသား ၁၀၁ ဦးကို ဇွန်လ ၈ ရက်နေ့က သက်ဆိုင်ရာနိုင်ငံ အသီး သီးကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။ နေရပ်ပြန်ပို့ခံရတဲ့ နိုင်ငံခြားသား ၁၀၁ ဦးမှာ မြန်မာနိုင်ငံသား ၄၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၀ ဦး၊ ထိုင်း
Jun 9
bottom of page