ရော်နယ်ဒို ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ပေါ်တူဂီက နိုင်ဂျီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ယူ
- thevoiceofchinland
- Jun 12
- 1 min read
VOC/ Sport/ 10 June 2026
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲမှာ နိုင်ဂျီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
ပွဲအစကတည်းက ရော်နယ်ဒိုဟာ ဂိုးသွင်းဖို့ အခွင့်ကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့ အခွင့်ရေးကိုပါ လွဲချော်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ “ရော်နယ်ဒိုကြောင့် ပေါ်တူဂီ ကမ္ဘာ့ဖလားမရနိုင်ဘူး” ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
ပေါ်တူဂီရဲ့ အဖွင့်ဂိုးကို ပက်ဒရို နီတိုက သွင်းယူပေးခဲ့ပြီး နိုင်ဂျီးရီးယားဘက်က အာကော် အဒမ်စ်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လူစားဝင်လာတဲ့ ကစားသမားတွေက ပွဲရဲ့အရှိန်ကို ပြန်တင်ပေးနိုင်ခဲ့ပြီး အနိုင်ဂိုးကို ဖရန်စစ္စကို ကွန်ဆီဆောင်းက သွင်းယူပေးခဲ့ပါတယ်။ ကွန်ဆီဆောင်းဟာ နောက်ခံလူကို လှည့်စားကျော်ဖြတ်ပြီး ခက်ခဲတဲ့ထောင့်ကနေ လှလှပပ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲနဲ့အတူ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် ယုံကြည်မှုအပြည့်နဲ့ ပြင်ဆင်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ဂိုးသွင်းနိုင်စွမ်းအပေါ် မေးခွန်းထုတ်မှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Source: Fox Soccer












Comments