အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တစ်မြို့လုံးနီးပါးထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကလေး-တမူးကားလမ်းမပေါ်က ခမ်းပါတ်မြို့အခြေအနေ
- thevoiceofchinland
- Jun 10
- 1 min read
VOC/ June 10, 2026
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေတာကြောင့် အဲဒီလမ်းကြောင်းပေါ်က ခမ်းပါတ်မြို့အပါအဝင် အနီးနားပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူထောင်ချီတို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကလေး-တမူးကားလမ်းမပေါ်မှာတည်ရှိတဲ့ ခမ်းပါတ်မြို့ဟာ အိမ်ခြေ ၇၀၀၀ ကျော်နဲ့ လူဦးရေ ၃ သောင်းကျော်နေထိုင် တဲ့ မြို့ကြီးတစ်မြို့ဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်း ချုပ်ထားတာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတာကြောင့် စစ်ရေး၊ စီးပွာရေးအရ အချက်အချာချတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလကုန်ပိုင်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ်မိုဒီနဲ့တွေ့ဆုံတဲ့အချိန်မှာ ရပ်တန့်နေတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို ပြန်စဖို့ ပြောဆိုခဲ့ကြပြီးနောက်မှာ ကလေး-တမူးအာရှလမ်းမကြီးတစ်လျှောက်ကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ခမ်းပါတ်မြို့အပါအဝင် အနီးနားကကျေးရွာအားလုံးဟာ အိန္ဒိယဘက်ခြမ်း နဲ့ ကလေးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Video credit- Paa Tuom




Comments