BreakingNews| CDF-Thantlang တပ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းဖြင့် ကျူးကျော် တိုက်ခိုက်
- thevoiceofchinland
- Jun 10
- 1 min read
VOC/ June 10, 2026
ချင်းပြည် ထန်တလန်မြို့နယ်အခြေစိုက် CDF-Thantlang တပ်ဖွဲ့ရဲ့ Ranger စခန်း ကို အကြမ်းဖက်စစ်တပ်က ယနေ့နေ့လည်ပိုင်းက အသေခံဒရုန်းဖြင့် ကျူးကျော် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၁၀ ရက်၊ နေ့လည် ၁၂:၀၀ နာရီဝန်းကျင်မှာ ထန်တလန်မြို့ထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က CDF-Thantlang Ranger စခန်းကို အသေခံဒရုန်း ၃ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သတင်းရင်းမြစ်က ပြော ပါတယ်။
ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စခန်းအနည်းငယ်ပျက်စီးမှုရှိပေမယ့် ရဲဘော်တွေတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၃ ရက်နေ့က ဟားခါးမြို့ကနေ အင်အား ၂၅၀ ဝန်းကျင်နဲ့ ထန်တလန်မြို့ဘက်ကို စစ်ကြောင်းထိုးလာပြီး ဇွန်လ ၉ ရက်နေ့မှာ ထန်တလန်မြို့ထဲကိုဝင်ရောက်ကာ အရင်ရှိနှင့်ပြီးသား အကြမ်းဖက် စစ်သားတွေနဲ့ ပူးပေါင်းနိုင်ပြီလို့သိရပါတယ်။
ထန်တလန်မြို့ဟာ နွေဦးတော်လှန်ရေးအစောပိုင်းကာလမှာ အကြမ်းဖက်စစ်တပ်က တစ်မြို့လုံးမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတွေလည်း ယနေ့ချိန်ထိထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။
လက်ရှိ ထန်တလန်မြို့ရဲ့ နေရာတချို့မှာ အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ပြီး တချို့နေရာတွေကိုတော့ ချင်းတော် လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားတာဖြစ်ပါတယ်။




Comments