NBA ဘတ်စကက်ဘော ဗိုလ်လုပွဲစဉ် (၃) ကို ထရမ့်တက်ရောက်၊ ပွဲအပြီးမှာ အကြီးကျယ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့လို့ ၂၄ ဦး အဖမ်းခံရ
- thevoiceofchinland
- Jun 10
- 1 min read
VOC/ 08 June 2026
အမေရိကန် NBA ဘတ်စကက်ဘော ဗိုလ်လုပွဲ (NBA Finals) ပွဲစဉ် (၃) တွင် ဆန်အန်တိုနီယို စပါးစ် (San Antonio Spurs) အသင်းက နယူးယောက် နစ်ခ်စ် (New York Knicks) အသင်းကို ၁၁၅ မှတ် - ၁၁၁ မှတ်နဲ့ ဇွန်လ ၈ ရက် တင်္နလာနေ့ည မှာ အနိုင်ရရှိလိုက်ပါတယ်။
ဒီပွဲကို အမေရိကန်သမ္မတ ထရန့် ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး၊ ဒါဟာ အမေရိကန်သမိုင်းမှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအနေနဲ့ NBA ပွဲကို ပထမဆုံးအကြိမ် လူကိုယ်တိုင် လာကြည့်တာလည်း ဖြစ်ပါတယ်။
အေဗရီ ဝီလ်ဆင် (Avery Wilson) က အမေရိကန်နိုင်ငံတော်သီချင်းဖြစ်တဲ့ "The Star-Spangled Banner" ကို သီဆိုနေစဉ်အတွင်း ကွင်းတစ်ခုလုံးမှာ “Boo” ဟု ထရမ့်ကို ကန့်ကွက် လှောင်ပြောင် သံနှင့် အတူ “ယူ-အက်စ်-အေ! ယူ-အက်စ်-အေ!" (U-S-A! U-S-A!) ဆိုတဲ့ အော်ဟစ်အားပေးသံတွေ ဟိန်းထွက်နေခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သူများ နဲ့ အသင်းရှုံးသွားလို့ စိတ်ပျက်သူများက မန်ဟက်တန်လမ်းမတွေပေါ်မှာရုန်းရင်းဆန်ခတ်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၄ ဦး အဖမ်းခံခဲ့ရပါတယ်။
Source: ABC News




Comments