top of page

စတော့ရှယ်ယာဈေးနှုန်းကို ဒေါ်လာ ၁၃၅ နဲ့ရောင်းချပြီး ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၁.၇၇ ထရီလီယံထိ မြင့်တက်လာမယ့် SpaceX

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 9
  • 1 min read

VOC/ June 9, 2026


Elon Musk ပိုင်ဆိုင်ထားတဲ့ SpaceX ဟာ အများပြည်သူကကို ရောင်းချဖို့ တရားဝင်ဈေးကွက်တင်ခြင်းမပြုခင်မှာ ရှယ်ယာတစ်စုကို ဒေါ်လာ ၁၃၅ နဲ့ ပုံသေဈေးနှုန်းသတ်မှတ်ခဲ့တယ်လို့ Securities and Exchange Commission ကို တင်သွင်းထားသော စာရွက်စာတမ်းများကို ကိုးကားပြီး CNBC ကရေးသားဖော်ပြပါတယ်။

SpaceX သည် ရှယ်ယာ ၅၅၅.၆ သန်း ရောင်းချရန် စီစဉ်ထားပြီး ဒါဟာ ဒေါ်လာ ၇၅ ဘီလီယံ ရန်ပုံငွေရှာဖွေမှု ပမာဏဖြစ်ပါတယ်။

အာမခံပေးသူများသည် IPO ဈေးနှုန်းဖြင့် နောက်ထပ် ရှယ်ယာ ၈၃.၃၃ သန်း ဝယ်ယူရန် ရွေးချယ်ခွင့်ရှိပြီး ဒေါ်လာ ၁၁.၂ ဘီလီယံ အထိ တန်ဖိုးရှိပါတယ်။ Musk ဟာ မဲပေးမှု ထိန်းချုပ်မှုကို ၈၂% ကျော် ပိုင်ဆိုင်မှာဖြစ်ကြောင်း စာရွက်စာတမ်းတွင် ဖော်ပြထားသည်။

ရှယ်ယာတစ်စုမှာ ဒေါ်လာ ၁၃၅ တန်ဖိုးနှုန်းထားနဲ့ SpaceX ရဲ့တန်ဖိုးမှာ ဒေါ်လာ ၁.၇၇ ထရီလီယံရှိနေပြီး အမေရိကန်မှာသတ္တမမြောက်အကြီးဆုံးကုမ္ပဏီဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁.၆ ထရီလီယံခန့်တန်ဖိုးရှိသော Tesla ထက် ကျော်လွန်သွားမှာဖြစ်ပါတယ်။

SpaceX ရဲ့အများပြည်သူကိုရောင်းချမှုဟာ ဇွန်လ ၁၂ ရက်နေ့မှာ Nasdaq မှာ ပွဲဦးထွက်စတင်မှာဖြစ်ပါတယ်။ SPCX သင်္ကေတနဲ့ အများပိုင်အဖြစ် မှတ်ပုံတင်မယ့် SpaceX ဟာ Alibaba ထက် သုံးဆကျော် ကြီးမားတဲံ့ အကြီးမားဆုံး IPO ဖြစ်လာဖို့ စီစဉ်ထားပြီး ဒီနေ့အထိ အမေရိကန်ရဲ့ အကြီးဆုံး IPO ဖြစ်ပါတယ်။


Source - Space X



 
 
 

Comments


bottom of page