top of page

မေလအတွင်းမှာ အလင်းဝင်လာသူ နဲ့ လက်နက်ချအညံ့ခံစစ်သုံ့ပန်း ၁၄၀ ကျော်ရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 1 min read

VOC/ June 10, 2026


ပြီးခဲ့တဲ့မေလအတွင်းမှာ အကြမ်းဖက်စစ်တပ်ကို ကျောခိုင်းပြီး အလင်းဝင်ပူးပေါင်းလာသူ နဲ့ လက်နက်ချအညံ့ခံ စစ်သုံ့ပန်း ၁၄၀ ကျော်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်းက ထုတ်ပြန်ပါတယ်။

အလင်းဝင်ပူးပေါင်းလာတဲ့ စစ်သား၊ ရဲ၊ ပြည်သူ့စစ် ၄၀ ဦး နဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၀၃ ဦး စုစုပေါင်း ၁၄၃ ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်မှ မနေ့က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာကြသူတွေထဲမှာ စစ်သား ၃၇ ဦးနဲ့ ပြည်သူ့စစ် ၃ ဦးတို့ဖြစ်ပြီး၊ စစ်သား ၃၇ ဦးမှာ ၂၉ ဦးကတော့ စစ်မှု ထမ်း တပ်သားသစ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ လက်နက်ချအညံ့ခံပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့သူတွေကတော့ စစ်သား ၉၈ ဦး၊ ပြည်သူ့စစ် ၄ ဦးနဲ့ ရဲ ၁ ဦးတို့ဖြစ်ပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့ စစ်သား ၉၈ ဦးထဲမှာ ၂၆ ဦးမှာ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်တယ်လို့ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် မေလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၂၁၁ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်ထားပါတယ်။



 
 
 

Comments


bottom of page