စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ နာမည်ကျော် Sagrada Família ဘုရားကျောင်းတော်ကြီး
- thevoiceofchinland
- Jun 12
- 1 min read
စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ နာမည်ကျော် Sagrada Família ဘုရားကျောင်းတော်ကြီး တွင် ပုပ်ရဟန်းမင်းကြီး Pope Leo XIV က ဇွန် ၁၀ ရက်က မစ္ဆား တရားတော်မြတ်ပွဲကျင်းပပြီး ကမ္ဘာ့အမြင့်ဆုံး ဘုရားကျောင်းဖြစ်လာစေသည့် အမြင့် ၅၆၆ ပေရှိ “Jesus Christ Tower” မျှော်စင်ကို တရားဝင် ကောင်းချီးပေးခဲ့ပါတယ်။
အဆိုပါ အခမ်းအနားဟာ ဘုရားကျောင်း စတင်တည်ဆောက်ခဲ့တဲ့ နှစ်ပေါင်း ၁၄၄ နှစ်ပြည့်နှင့် ဗိသုကာပညာရှင် Antoni Gaudí ကွယ်လွန်ခဲ့သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါတယ်။
မစ္ဆာပွဲသို့ စပိန်ဘုရင် Felipe VI နှင့် ဝန်ကြီးချုပ် Pedro Sánchez အပါအဝင် လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဘုရားကျောင်းအတွင်း လူ ၉,၀၀၀ ခန့်နှင့် အပြင်ဘက်တွင် လူ ၁၂၀,၀၀၀ ခန့် စုဝေးခဲ့ကြောင်း သိရပါတယ်။




Comments