top of page

၂၀၂၆ ကမ္ဘာ့ဖလားမှ စိတ်ဝင်စားစရာအချက်တချို့

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 2 min read

VOC/ Sports / June 10, 2026


၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုတော့ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံးအားကစားလို့ပြောလို့ရတဲ့ ဘောလုံးအားကစားမှာမှ အကောင်းဆုံးဆိုတဲ့အသင်းတွေချည်း ပါဝင်ယှဉ်ပြိုင်ကြတာမို့ ကမ္ဘာ့ဖလားဟာ ကစားသမားတစ်ယောက်ရဲ့ဘဝမှာတော့ ဂုဏ်ယူစရာအကောင်းဆုံး၊ သိက္ခာအရှိဆုံးဆုဖလားဖြစ်ပါတယ်။

ပထမဆုံးအကြိမ် အိမ်ရှင် သုံးနိုင်ငံပူးတွဲကျင်းပ

ဒီပြိုင်ပွဲဟာ အရင်ပြိုင်ပွဲတွေနဲ့မတူဘဲ ထူးခြားချက်တွေ ၊ ပထမဆုံးဆိုတဲ့အရာတွေ များပြားနေတာတော့ အမှန်ပါပဲ။ ပထမဆုံး ထူးခြားချက်က ဒီပြိုင်ပွဲဟာ အိမ်ရှင်သုံးနိုင်ငံ ပူးတွဲကျင်းပမယ့် ပထမဆုံးအကြိမ်ပါ။ မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စု သုံးနိုင်ငံက အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲကို မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမှာ ဇွန်လ ၁၁ ရက်နေ့မှာ ကျင်းပကကစားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်ကိုတော့ အမေရိကန်ပြည်ထောင်စု နယူးဂျာစီမှာ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ပြိုင်ပွဲဝင် ၄၈ သင်းထိပါဝင်

လေးနှစ်တစ်ကြိမ်ကကျင်းပတဲ့ ကမ္ဘာ့ဖလားဟာ နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၄၈သင်းတိတိ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စု ၁၂ ခုထိ ခွဲထားပါတယ်။ အသင်းရဲ့ထိပ်ဆုံးနှစ်သင်းဟာ နောက်တဆင့်ကို တက်မှာဖြစ်ပါတယ်။

အိမ်ရှင်မြို့များ

မက္ကဆီကို - ဂွာဒါလာဂျာရာ၊ မွန်တာရေး နှင့် မက္ကဆီကိုစီးတီး

ကနေဒါ - တိုရွန်တို နှင့် ဗန်ကူးဗား

အမေရိကန် - အတ္တလန်တာ၊ ဘော်စတွန်၊ ဒါးလတ်စ်၊ ဟူစတန်၊ ကန်ဆက်စ်စီးတီး၊ လော့စ်အိန်ဂျလိစ်၊ မိုင်ယာမီ၊ နယူးယောက်/နယူးဂျာစီ၊ ဖီလာဒဲလ်ဖီးယား၊ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဧရိယာ နှင့် ဆီယက်တဲလ်

ဘယ်အသင်းတွေရေပန်းစားနေလဲ

ကမ္ဘာ့ဖလား နှစ်ကြိမ်ရဖူးတဲ့ ပြင်သစ်နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံစပိန်တို့ကို ဗိုလ်စွဲမယ်လို့ ထင်ကြေးအများဆုံးပေးနေကြပါတယ်။ ပြင်သစ်အသင်းမှာ Kylian Mbappé နဲ့ Ousmane Dembélé အပါအဝင် ထူးချွန်တဲ့ ကစားသမားတွေ ပါဝင်ပြီး သူတို့ဟာ ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲတွေမှာ သူတို့ရဲ့ တစ်ဦးချင်းစီ ကလပ်အသင်းတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ စပိန်အသင်းမှာတော့ အသက် ၁၈ နှစ်အရွယ် Lamine Yamal လို လူငယ်ပါရမီရှင်တွေရှိပြီး ၂၀၂၄ ခုနှစ် ဥရောပချန်ပီယံလည်း ဖြစ်ခဲ့တဲ့စပိန်က နှစ်နှစ်အတွင်း ဒုတိယမြောက် အဓိကဆုဖလားကို ရရှိနိုင်ချေမြင့်နေပါတယ်။

နိုင်ငံတကာပွဲစဉ်တိုင်းမှာ ရေပန်းစားပြီး အမြဲအောင်ဖျာလိပ်နေကြ အင်္ဂလန်အသင်းကလည်း ထုံးစံအတိုင်း ပရိသတ်ကြားရေပန်းစားတဲ့အထဲ ပါလာပါတယ်။ နှစ်ကြိမ်ဆက်တိုက် ဥရောပဖလားဖိုင်နယ်အထိ ရောက်ပြီး ဖလားနဲ့လွဲချော်ခဲ့တဲ့အင်္ဂလန်ကို ဒီနှစ်လည်း ပရိသတ်တွေက ဖလားရဖို့မျှော်လင့်ချက်ထားနေပါတယ်။ (၅)ကြိမ်တိုင် ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘရာဇီးကိုလည်း ၆ ကြိမ်မြောက်ရရှိနိုင်မယ်လို့ အစဉ်အလာအတိုင်း ရေပန်းစားနေပြီး ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းလည်း ရေပန်းစားနေပြန်ပါတယ်။

စောင့်ကြည့်ရမယ့်ကစားသမားများ

Kylian Mbappé ၊ Lamine Yamal တို့ဟာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ကစားသမားတွေ ဖြစ်လာမယ်လို့ ယူဆရပြီး Mbappé အတွက် ဒီပြိုင်ပွဲက သူ့ရဲ့တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး ပြင်သစ်အသင်းနဲ့အတူ နှစ်ကြိမ်ဆက်တိုက် ဥရောပဖလား ဗိုလ်လုပွဲကို ရောက်ရှိထားပါတယ်။ (၂၀၁၈၊ ၂၀၂၂)

Yamal ကတော့ ပါရမီရှင်လူငယ်ကစားသမားဖြစ်ပြီး သူ့ခြေစွမ်းကို စောင့်ကြည့်နေသူတွေရှေ့မှာအကောင်းဆုံးကစားပြနိုင်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် မကြာခင် အသက် ၃၉ နှစ်ပြည့်တော့မယ့် အာဂျင်တီးနားအသင်းက Lionel Messi ၊ အသကကက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီအသင်းက Cristiano Ronaldoတို့ကိုလည်း နောက်ဆုံးနိုင်ငံတကာပွဲစဉ်များဖြစ်တဲ့အတွက် ပရိသတ်က အာရုံစိုက်မိနေကြပါတယ်။

စောင့်ကြည့်ရမယ့် တခြားသူတွေကတော့ ဘရာဇီးလ် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Neymar နဲ့ Vinícius Júnior၊ အင်္ဂလန်က Jude Bellingham၊ အမေရိကန်က Christian Pulisic၊ ကနေဒါက Alphonso Davies၊ တောင်ကိုရီးယားက Son Heung-min၊ ဂါနာက Antoine Semenyo နဲ့ သူ့ရဲ့ မန်ချက်စတာစီးတီးအသင်းဖော် နော်ဝေက Erling Haaland တို့ဖြစ်ပြီး သူတို့ဟာ နောက်ဆုံး အင်္ဂလိပ်ပရီးမီးယားလိဂ် ရာသီလေးခုမှာ သုံးရာသီအတွင်း ဂိုးအများဆုံးသွင်းယူထားပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားမှာ ပွဲဦးထွက်မယ့်အသင်းများ

ဒီကမ္ဘာ့ဖလားရဲ့ ပြိုင်ပွဲဝင်တိုးချဲ့ထားတဲ့ ပုံစံကြောင့် နိုင်ငံတွေ ပိုမိုပါဝင်လာပါတယ်။ လူဦးရေ ၁၅၆,၀၀၀ သာရှိတဲ့ Curaçao ဟာ ကမ္ဘာ့ဖလားအတွက် အရည်အချင်းပြည့်မီတဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် သမိုင်းဝင် ပွဲဦးထွက်အဖြစ်ယှဉ်ပြိုင်မှာပါ။ ဒါဟာ ၂၀၁၈ က လူဦးရေ ၃၃၅၀၀၀ နဲ့ အသေးငယ်ဆုံးနိုင်ငံငယ်အဖြစ် စံချိန်တင်ထားတဲ့ အိုက်စလန်ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

နောက်ထပ်ပထမဆုံးပါဝင်မယ့် ကျွန်းငယ်လေးကတော့ Cape Verdeပါ။ လူဦးရေ ၅၀၀,၀၀၀ ခန့်ရှိတဲ့ သူတို့ဟာ ကမ္ဘာ့ဖလားကို တက်ရောက်ခွင့်ရတဲ့ တတိယအသေးငယ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဂျော်ဒန်အသင်းကတော့ သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပါတယ်။ အသင်းနည်းပြ တယ်။ သူတို့ရဲ့ အဓိကနည်းပြ Jamal Sellami ဟာ မော်ရိုကိုနိုင်ငံသားဖြစ်ပေမယ့် အသင်းကို ကမ္ဘာ့အဆင့်မြင့်အဆင့်ကို ဦးဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဘုရင် Abdullah II က ဂျော်ဒန်နိုင်ငံသားအဖြစ် ပေးအပ်ခဲ့ပါတယ်။

ဥဇဘက်ကစ္စတန်အသင်းဟာ နောက်ဆုံးပွဲဦးထွက်အသင်းဖြစ်ပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်ကို တက်ရောက်ခဲ့ဖူးပြီး ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းခေါင်းဆောင်အဖြစ် အောင်ပွဲခံဖူးတဲ့ နည်းပြချုပ် Fabio Cannavaro က ဦးဆောင်ထားပါတယ်။

စိတ်ဝင်စားစရာပွဲစဉ်များ

ဘောလုံးဟာ အားကစားတစ်ခုတင် မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ သမိုင်းက အရေးအကြီးဆုံးပွဲစဉ်တွေကို ပုံဖော်ပေးပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ ပြင်သစ်နဲ့ ဆီနီဂေါတို့ တွေ့ဆုံမှာဖြစ်ပါတယ်။ ပြင်သစ်လက်အောက်ခံဖြစ်ဖူးတဲ့ ဆီနီဂေါဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းက လက်ရှိချန်ပီယံ ပြင်သစ်ကို အနိုင်ယူခဲ့ဖူးပါတယ်။

ဒါ့အပြင် ကိုလိုနီဆက်ဆံရေးရှိတဲ့ ဂါနာနဲ့ အင်္ဂလန်တို့ဟာ ဇွန်လ ၂၃ ရက်နေ့မှာ ဖီလာဒဲလ်ဖီးယားမြို့မှာ ကစားကြမှာဖြစ်ပါတယ်။

ဆီယက်တဲလ်မြို့ရဲ့ LGBT အသိုင်းအဝိုင်းကို ဂုဏ်ပြုပြီး "pride" လို့ခေါ်တဲ့ပွဲစဉ်မှာ ကစားရမယ့် အီရန်နဲ့အီဂျစ်တို့ကတော့ နှစ်နိုင်ငံလုံးက လိင်တူဆက်ဆံရေးကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားကြပြီး ဒီပွဲစဉ်အတွက် နှစ်ဘက်ဘောလုံးအဖွဲ့ချုပ်တွေက FIFA ကို တရားဝင်စာပို့ကန့်ကွက်ခဲ့ကြပါတယ်။

The Winner Takes It All

နိုင်သူအကုန်စားစတမ်းဆိုတဲ့ အနောက်တိုင်းက လောင်းကစားစကားပုံတစ်ခုလိုပဲ ဘောလုံးမှာ နာမည်ကြီးကစားသမားတွေ ရှိနေခြင်း ၊ အစဉ်အလာရှိခြင်းမရှိခြင်းတို့ထက် ဖျက်မြင်းအသင်းတွေကလည်း ဗိုလ်လုပွဲထိ တက်ရောက်ပြီး ဖလားရယူခဲ့ဖူးတဲ့အစဉ်အလာရှိပါတယ်။ ယူရို ၂၀၀၄ ဖလားပိုင်ရှင် ဂရိအသင်းဆိုလည်း အိမ်ရှင်ပေါ်တူဂီ၊ ချက်၊ ပြင်သစ်တို့ကို အနိုင်ယူခဲ့ပြီး အိမ်ရှင်ပေါ်တူဂီအသင်းကို ဖိုင်နယ်မှာ အနိုင်ရပြီး ဗိုလ်စွဲဖူးပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း မော်ရိုကိုအသင်းက စပိန်၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီတို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ဖူးတာမို့ အသင်းငယ်လေးတွေထဲက Dark Horse ဘယ်အသင်းဖြစ်လာမယ်ဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။



 
 
 

Comments


bottom of page