top of page


အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အရေးယူအပြစ်ပေးမှုတွေ လုပ်ဆောင်ကြဖို့ Fortify Rights တောင်းဆို
VOC/ June 9, 2026 အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အမည်ခံသမ္မတ မင်းအောင် လှိုင်နဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ အရေးယူ အပြစ်ပေးမှုတွေ လုပ် ဆောင်ကြဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ဒီကနေ့ ဇွန်လ ၉ ရက်မှာ တောင်းဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့က ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတွင်းကုန်းကျေးရွာမှာ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၂၈ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခို
Jun 9


အာဆီယံရဲ့ “အချက်ငါးချက်ပါ ဘုံသဘောတူညီချက်”အတိုင်း ဆောင်ရွက်ရန် နှင့် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားဟု အင်ဒိုနီးရှားပြောကြား
VOC/ June 9, 2026 ဇွန်လ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono ဟာ မြန်မာနိုင်ငံ၊ နေပြည်တော်ကို သွားရောက်ကာ အကြမ်းဖက် စစ်ခေါင်းဆောင်မှ မြန်မာနိုင်ငံသမ္မတရာထူးကို တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ “အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဆွေးနွေးမှုတွေ ဖန်တီးနိုင်ပြီး ပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” လို့ S
Jun 9


မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ရူပီး ၅ ကုဋေတန်ဖိုးရှိဆန်များ အိန္ဒိယထောက်ပံ့မည်
VOC/ June 9, 2026 အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြတဲ့ စစ်ဘေးရှောင် ၄ သောင်းနီးပါးအတွက် ရူပီး ၅ ကုဋေတန်ဖိုးရှိသော ဆန်တွေကို အိန္ဒိယဗဟို အစိုးရက ဒုတိယအကြိမ်မြောက်အဖြစ် အခမဲ့ထပ်မံဖြန်ဝေရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မက်ထရစ်တန်ချိန် ၁၂၉၀ ကျော်ရှိမယ့် အဆိုပါဆန်တွေကို စားသုံသူရေးရာဝန်ကြီးဌာန (MCAF&PD) က အိန္ဒိယ စားနပ်ရိက္ခာကော်ပိုရေးရှင်း(FCI) ကတဆင့် မီဇိုရမ်ပြည်နယ် အစားအစာ၊ အရပ်ဘက်ထောက်ပံ့ရေးနှင့် စားသုံး သူရေးရာ (FCS&CA) ဝန်ကြီးဌာနကိုပို့ဆောင်ပြီး ရောက်ရှိနေ
Jun 9


မူဆယ်မှာ ရွှေဆိုင်ပိုင်ရှင်လင်မယားနှစ်ဦး ဓားပြတိုက်ခံရ
VOC/ June 9, 2026 တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ရွှေဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို အမည်မသိ အမျိုးသား ၄ ဦးက သေနတ် ထောက်ပြီး ဓားပြတိုက်မှု မနေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇွန်လ ၈ ရက် ညနေပိုင်း ၃ နာရီကျော်ကျော်လောက်မှာ မူဆယ်မြို့ တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အဆိုပါ လင်မယားနှစ်ဦးဟာ နေအိမ်ကိုပြန်လာချိန်မှာ ဓားပြတိုက်ခံရတာလို့ သျှမ်းသံတော်ဆင့်သတင်းဌာနကဖော်ပြပါ တယ်။ CCTV ရုပ်သံမှတ်တမ်းအရ အဆိုပါ လင်မယားနှစ်ဦးဟာ ဆိုင်ကယ်တစ်စီးမောင်းနှင်လာစဉ်မှာ လက်နက်ကိုင်ဆောင် ထားတဲ့ အမျိုးသ
Jun 9


ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပမဲ့ မက္ကဆီကိုစီးတီး မှာ အကြီးမားဆုံး မက္ကဆီကန်လှိုင်း စံချိန်တင်ဖို့ ကြိုးပမ်း
VOC/ June 8 2026 မက္ကဆီကိုနိုင်ငံဟာ ဇွန် ၁၁ ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် တတိယအကြိမ် လက်ခံကျင်းပဖို့ ပြင်ဆင်နေပါတယ်။ မက္ကဆီကိုစီးတီးရဲ့ အစည်ကားဆုံး လမ်းမကြီးဖြစ်တဲ့ ပါဆီယို ဒီ လာ ရီဖော်မာ ပေါ်မှာ လူပေါင်း သောင်းချီ စုရုံးပြီး ကွင်းပြင်ပ “အကြီးမားဆုံး မက္ကဆီကန်လှိုင်း (Mexican Wave)” အဖြစ် ကမ္ဘာ့စံချိန်သစ်တင်ဖို့ ဇွန်လ ၆ ရက်က ကြိုးပမ်းခဲ့ကြပါတယ်။ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘန်း ကိုယ်တိုင် လက်ရွေးစင်အသင်းဆီ သွားရောက်ပြီး နိုင်ငံတော်အလံ လွှဲပြေ
Jun 9


မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က ဗုံးထပ်ကြဲ
VOC/ June 9, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် ၉ နာရီကနေ ၉ နာရီခွဲ ဝန်းကျင်အထိ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံး ၈ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မင်းတပ် နဲ့ ကန်ပက်လက်မြို့တို့ကို စစ်အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် မြေပြင်ကနေ ထိုးစစ်ဆင် နေပြီး လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး အထူးသဖြင့် မင်းတပ်မြို့ကို နေ့စဉ်ရက်ဆက် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ Video - Hkl Mindat
Jun 9


တီးတိန်မြို့နဲ့ ရိခေါဒါရ်မြို့ကိုဆက်သယ်ထားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်က မဏိပူရမြစ်ကူး မံဆောင်းတံတားကို ဇွန်လ ၇ ရက်မနက်ပိုင်းက အမည်မသိ အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်
ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နဲ့ ရိခေါဒါရ်မြို့ကိုဆက်သယ်ထားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်က မဏိပူရမြစ်ကူး မံဆောင်းတံတားကို ဇွန်လ ၇ ရက်မနက်ပိုင်းက အမည်မသိ အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ မံဆောင်းတံတားဟာ တီးတိန်ကနေ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို သွားလာရာမှာ အဓိကအသုံးပြုနေရတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့ကလည်း မံဆောင်းတံဟားအဟောင်းကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်ဆီး ခဲ့တာကြ
Jun 9


သရုပ်ပြရင်း ကလေးငယ်ကိုမတော်တဆ ကန်မိခဲ့တဲ့ တရုတ်လူသားပုံစံတူစက်ရုပ်
VOC/ June 8, 2026 တရုတ်နိုင်ငံ ၊ ရှင်းကျန်းခရိုင်ရှိ အပန်းဖြေဥယျာဉ်တစ်ခုမှာ လူသားပုံစံတူ စက်ရုပ် Unitree G1 robot က သရုပ်ပြဖျော်ဖြေနေစဉ်မှာ လူအုပ်နဲ့နီးကပ်လွန်းပြီး ကကေးငယ်တစ်ဦးကို မတော်တဆ ကန်မိခဲ့ပါတယ်။ ပျံ့နှံ့လာတဲ့ရုပ်သံဖိုင်ထဲမှာတော့ ကကေးငယ်ဟာ ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်ကို ထိမိခဲ့ပြီး ခွေလဲသွားတာကို တွေ့ရပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ပန်းခြံမှာ ဖျော်ဖြေပွဲကို ခေတ္တရပ်ခဲ့ပြီး ကလေးငယ်မှာ ဒဏ်ရာပြင်းထန်ခြင်းမရှိဘူးလို့ နောက်ပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။ Source - X
Jun 9


လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာ စွပ်စွဲချက်များကြောင့် ICC အကြီးတန်းရှေ့နေချုပ်ကို ရာထူးက ဆိုင်းငံ့ထား
VOC/ June 9, 2026 အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးရဲ့ အကြီးတန်းရှေ့နေချုပ် Karim Khan ကို ဇွန်လ ၈ ရက်နှောင်းပိုင်းက စတင်ပြီး တာဝန်တွေက ရပ်ဆိုင်းထားပြီး တရားရုံးကြီးကြပ်ရေးအဖွဲ့က စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ် Karim Khan ဟာ အမျိုးသမီးလက်ထောက်ဝန်ထမ်းတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အဆိုပါ အရှုပ်တော်ပုံမှာ နှစ်နှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွား
Jun 9


ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို က ပေါ်တူဂီသမ္မတသစ် ကို အမှတ်တရ လက်ဆောင် ပေးအပ်
VOC/ 8 June 2026 ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းသားများက သူတို့အားလုံး လက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို ပေါ်တူဂီသမ္မတသစ် အန်တိုနီယို ဟိုဆေး ဆီဂူရို (António José Seguro) ကို အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ရန်အတွက် ပေါ်တူဂီအသင်း မထွက်ခွာမီ ပြုလုပ်ခဲ့သည့် နှုတ်ဆက်ပွဲအခမ်းအနားတွင် အမှတ််တရ ပေးခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်၊ ကွန်ဂိုတို့နဲ့အတူ အုပ်စု (K) မှာ ကျရောက်နေပြ
Jun 9


ကူကီးဘိုးဘွားပိုင်နယ်မြေ ရှမ်းနီဒေသတွင်း ထည့်သွင်းရန်တောင်းဆိုမှု UKSC ကန့်ကွက်
VOC/ June 8, 2026 ကူကီးလူမျိုးတို့ရဲ့ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်း တောင်း ဆိုနေမှုအပေါ် ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ဇွန်လ ၇ ရက်မှာ ကြေညာချက် ထုတ်ပြီး ကန့် ကွက်လိုက်ပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ (SNA)အဖွဲ့တို့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်း သား တွေနေထိုင်တဲ့ နယ်မ
Jun 8


Kyle Field မှာ ပရိသတ် ကိုးသောင်းကျော် ကြည့်ရှုအားပေးကြတဲ့ အာဂျင်တီးနား- ဟွန်ဒူးရပ်စ်ပွဲ
VOC/ June 8 2026 လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဟွန်ဒူးရက်စ်နဲ့ ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲ ကစားခဲ့ပြီး ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့က တက္ကဆက်ပြည်နယ်၊ ကောလိပ်စတေးရှင်းရှိ ကိုင်လ်ဖီးလ်ဒ် (Kyle Field) အားကစားကွင်းတွင် ကျင်းပခဲ့တဲ့ ခြေစမ်းပွဲတွင် အာဂျင်တီးနားအသင်းက ဟွန်ဒူးရပ်စ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ Kyle ကွင်းမှာ လာရောက်ကြည့်ရှုသူ ပရိသတ်ဦးရေ စုစုပေါင်း ၉၁,၁၀၂ ဦး ရှိခဲ့ပါတယ်။ ထို့အပြင် အာဂျင်တီးနားပရိသတ် အများဆုံးရှိတဲ့ ဘင်္ဂလားဒေ့
Jun 8


CDF-Thantlang အပတ်စဉ် (၁၂) အခြေခံစစ်သင်တန်းဆင်းပွဲ
#ဓာတ်ပုံသတင်း VOC/ June 8, 2026 ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Thantlang ရဲ့ အပတ်စဉ်(၁၂) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၆ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
Jun 8


အမေရိကန်၊ ရုရှားခေါင်းဆောင်များကို လက်ခံတွေ့ဆုံပြီးနောက် တရုတ်သမ္မတ မြောက်ကိုရီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်
VOC/ June 8, 2026 ဇွန်လ (၈)ရက်က တရုတ်သမ္မတ Xi Jinpingဟာ ဒီနှစ်ရဲ့ ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး နှစ်ရက်ကြာခရီးစဉ် သွားရောက်ပါတယ်။ Xi Jinping နဲ့ ဇနီးသည် Peng Liyuan တို့ Pyongyang's Kim Il Sung Square ကို ကားနဲ့ရောက်လာချိန် စစ်တီးဝိုင်းများနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနကရေးသားပါတယ်။ Xi ဟာ မေလအတွင်းမှာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ အမေရိကန်သမ္မတ Donald Trump န
Jun 8


ကလေး-တမူးလမ်းပြန်လည်ထိန်းချုပ်ဖို့ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်နေ၊ ကလေး-ခမ်းပါတ်-တမူးကားလမ်း ဖြတ်သန်းခွင့်ပိတ်
VOC/ June 8, 2026 အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ကလေး-တမူးလမ်းမကြီးကို ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်နေပြီး ကလေး-ခမ်းပါတ်-တမူးကားလမ်းမကြီးလည်း ဒီကနေ့ နေ့လည်ပိုင်းကစပြီး ဖြတ်သန်းသွားလာခွင့်မရတော့ဘူးလို့ သိရပါတယ်။ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံစဉ်မှာ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမစီမံကိန်းပြန်စဖို့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကို လုံခြ
Jun 8


မင်းတပ်အရှေ့ခြမ်းတနေရာကို လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်
VOC/ June 8, 2026 အကြမ်းဖက်စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတဲ့ မင်းတပ်မြို့ကို လေကြောင်းကနေ အပြင်း အထန်ဗုံးကြဲတိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းကလည်း ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ဇွန်လ ၈ ရက် မနက်ပိုင်း ၇ နာရီခွဲကနေ ၇ နာရီ ၄၈ မိနစ်အကြားမှာ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို တံတား ဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ၃ ကြိမ်၊ ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ မင်းတပ်မြို့လေကြောင်းတိုက် ခိုက်မှုသတင်းကိုစောင့်ကြည့်နေသူ Hkl Mindat ကဖော်ပြပါတယ်။ အဲဒ
Jun 8


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်တစ်ခု တနင်္လာနေ့က လှုပ်ခတ်သွားခဲ့ပါတယ်။
ယနေ့မနက်အစောပိုင်းတွင် ကျောင်းသားများအလံတင် အခမ်းအနား လုပ်နေတဲ့အချိန်မှာ ငလျင်လှုပ်ခတ်သွားတာ ဖြစ်ပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၇း၃၇ နာရီဝန်းကျင်မှာ အနက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) တွင် လှုပ်ခတ်ခဲ့တယ်လို့ USGS က ဆိုပါတယ်။ ဂျာမန်မြေကမ္ဘာသိပ္ပံသုတေသနစင်တာ (GFZ) ရဲ့ တိုင်းထွာချက်အရ ဒီငလျင်ဟာ အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပမာဏ (Magnitude) ၇.၈ အဆင့်အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ဒေသတွင်း အေဂျင်စီတွေကတော့ ငလျင်ပမာဏကို ၇.၀ နဲ့ ၇.၇ အသီးသ
Jun 8


အစ္စရေးက အီရန်မြို့ကြီး သုံးမြို့ကို တုံ့ပြန်တိုက်ခိုက်
VOC/ June 8, 2026 အစ္စရေးကို အီရန်က ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ အစ္စရေးဘက်က အီရန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ “မကြာသေးခင်က အစ္စရေးလေတပ်ဟာ အီရန်အနောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ အီရန်အကြမ်းဖက်အစိုးရပိုင် စစ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့တယ်" လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က Telegram မှာ ရေးသားဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်မြို့ကြီးသုံးမြို့မှာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ
Jun 8


ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအို (Mindanao) ကျွန်းတွင် ယနေ့ တနင်္လာနေ့မနက်အစောပိုင်း ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် အဆောက်အအုံများပြိုကျနေပါတယ်။
ငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၇း၃၇ နာရီဝန်းကျင်မှာ အနက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) တွင် လှုပ်ခတ်ခဲ့တယ်လို့ USGS က ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်တစ်ခု တနင်္လာနေ့က လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာဆန်းစစ်ရေးအဖွဲ့ (USGS) က ပြောကြားပြီး နိုင်ငံတွင်း ဆူနာမီသတိပေးချက်တွေကို ဖြစ်ပေါ်စေတယ်လို့ အိမ်နီးချင်း အင်ဒိုနီးရှားနဲ့ ဂျပန်တို့ က ပြောပါတယ်။ ဂျာမန်မြေကမ္ဘာသိပ္ပံသုတေသနစင်တာ (GFZ) ရဲ့ တိုင်းထွာချက်အရ ဒီငလျင်ဟာ အနက် ၁၀ ကီလ
Jun 8


ပြင်းအား ၇.၈ ရှိတဲ့ငလျင် ဖိလစ်ပိုင်မှာ လှုပ်ခတ်ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထား
VOC/ June 8, 2026 ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်တစ်ခု တနင်္လာနေ့က လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာဆန်းစစ်ရေးအဖွဲ့ (USGS) က ပြောကြားပြီး နိုင်ငံတွင်း ဆူနာမီသတိပေးချက်တွေကို ဖြစ်ပေါ်စေတယ်လို့ အိမ်နီးချင်း အင်ဒိုနီးရှားနဲ့ ဂျပန်တို့ က ပြောပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၇း၃၇ နာရီဝန်းကျင်မှာ အနက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) တွင် လှုပ်ခတ်ခဲ့တယ်လို့ USGS က ဆိုပါတယ်။ ဂျာမန်မြေကမ္ဘာသိပ္ပံသုတေသနစင်တာ (GFZ) ရဲ့ တိုင်းထွာချက်အရ ဒီင
Jun 8
bottom of page