ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပမဲ့ မက္ကဆီကိုစီးတီး မှာ အကြီးမားဆုံး မက္ကဆီကန်လှိုင်း စံချိန်တင်ဖို့ ကြိုးပမ်း
- thevoiceofchinland
- Jun 9
- 1 min read
VOC/ June 8 2026
မက္ကဆီကိုနိုင်ငံဟာ ဇွန် ၁၁ ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် တတိယအကြိမ် လက်ခံကျင်းပဖို့ ပြင်ဆင်နေပါတယ်။
မက္ကဆီကိုစီးတီးရဲ့ အစည်ကားဆုံး လမ်းမကြီးဖြစ်တဲ့ ပါဆီယို ဒီ လာ ရီဖော်မာ ပေါ်မှာ လူပေါင်း သောင်းချီ စုရုံးပြီး ကွင်းပြင်ပ “အကြီးမားဆုံး မက္ကဆီကန်လှိုင်း (Mexican Wave)” အဖြစ် ကမ္ဘာ့စံချိန်သစ်တင်ဖို့ ဇွန်လ ၆ ရက်က ကြိုးပမ်းခဲ့ကြပါတယ်။
မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘန်း ကိုယ်တိုင် လက်ရွေးစင်အသင်းဆီ သွားရောက်ပြီး နိုင်ငံတော်အလံ လွှဲပြောင်းပေးအပ်ပွဲ တွင် ကမ္ဘာ့ဖလားအတွက် တရားဝင် အသင့်ဖြစ်သွားပြီလို့ ကြေညာခဲ့ပါတယ်။
မက္ကဆီကိုဟာ ၁၉၇၀၊ ၁၉၈၆ နဲ့ အခု ၂၀၂၆ အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သုံးကြိမ်တိုင်တိုင် အိမ်ရှင် (သို့မဟုတ် ပူးတွဲအိမ်ရှင်) အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ သမိုင်းတစ်လျှောက် ပထမဆုံးနိုင်ငံ ဖြစ်လာတော့မှာပါ။ ဇွန် ၁၁ ရက်နေ့ကျရင်တော့ နာမည်ကျော် အက်ဇ်တီကာ ကွင်းကြီး (Estadio Azteca) ထဲမှာ အဖွင့်ပွဲစဉ်နဲ့အတူ ပရိသတ်တွေရဲ့ မက္ကဆီကန်လှိုင်းတွေကို တကယ့် ကမ္ဘာ့ဖလားအရှိန်အဟုန်အတိုင်း မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
Source: X, Reuters




Comments