မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က ဗုံးထပ်ကြဲ
- thevoiceofchinland
- Jun 9
- 1 min read
VOC/ June 9, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် ၉ နာရီကနေ ၉ နာရီခွဲ ဝန်းကျင်အထိ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံး ၈ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မင်းတပ် နဲ့ ကန်ပက်လက်မြို့တို့ကို စစ်အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် မြေပြင်ကနေ ထိုးစစ်ဆင် နေပြီး လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး အထူးသဖြင့် မင်းတပ်မြို့ကို နေ့စဉ်ရက်ဆက် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
Video - Hkl Mindat




Comments