top of page

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်တစ်ခု တနင်္လာနေ့က လှုပ်ခတ်သွားခဲ့ပါတယ်။

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

ယနေ့မနက်အစောပိုင်းတွင် ကျောင်းသားများအလံတင် အခမ်းအနား လုပ်နေတဲ့အချိန်မှာ ငလျင်လှုပ်ခတ်သွားတာ ဖြစ်ပါတယ်။

ငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၇း၃၇ နာရီဝန်းကျင်မှာ အနက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) တွင် လှုပ်ခတ်ခဲ့တယ်လို့ USGS က ဆိုပါတယ်။

ဂျာမန်မြေကမ္ဘာသိပ္ပံသုတေသနစင်တာ (GFZ) ရဲ့ တိုင်းထွာချက်အရ ဒီငလျင်ဟာ အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပမာဏ (Magnitude) ၇.၈ အဆင့်အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ဒေသတွင်း အေဂျင်စီတွေကတော့ ငလျင်ပမာဏကို ၇.၀ နဲ့ ၇.၇ အသီးသီး ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။

အဆိုပါငလျင်က မင်ဒါနာအိုကျွန်း တောင်ဘက်စွန်းရှိ Sarangani ပြည်နယ်ရှိ General Santos City ကမ်းလွန်မှာ လှုပ်ခတ်ခဲ့ပြီး ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံ (Phivolcs) ငလျင်ဗေဒအေဂျင်စီက အရေးပေါ်ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပါတယ်။


Source: Reuters



 
 
 

Comments


bottom of page