top of page

မင်းတပ်အရှေ့ခြမ်းတနေရာကို လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 8, 2026


အကြမ်းဖက်စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတဲ့ မင်းတပ်မြို့ကို လေကြောင်းကနေ အပြင်း အထန်ဗုံးကြဲတိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းကလည်း ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ဇွန်လ ၈ ရက် မနက်ပိုင်း ၇ နာရီခွဲကနေ ၇ နာရီ ၄၈ မိနစ်အကြားမှာ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို တံတား ဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ၃ ကြိမ်၊ ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ မင်းတပ်မြို့လေကြောင်းတိုက် ခိုက်မှုသတင်းကိုစောင့်ကြည့်နေသူ Hkl Mindat ကဖော်ပြပါတယ်။

အဲဒီနာက် မနက်ပိုင်း ၁၀ နာရီ ၂၃ မိနစ်ကနေ ၁၁ နာရီ ၁၅ မိနစ်အတွင်းမှာ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကိုပဲ ဗုံး ၆ လုံးထပ်မံကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Y12 လေယာဉ်ကနေလည်း ၅ လုံးတွဲ၊ ၄ လုံးတွဲ ဗုံးတွေကို ၉ ကြိမ် ဗုံးအလုံး ၄၀ ခန့် ကြဲချသွားတယ်လို့ သိရ ပါတယ်။ ဒီကနေ့မနက်ပိုင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

မနေ့ဇွန်လ ၇ ရက်မနက်အစောပိုင်းကလည်း မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၁၀ ကျော်ပျက်စီးခဲ့ရပါတယ်။



 
 
 

Comments


bottom of page