top of page

လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာ စွပ်စွဲချက်များကြောင့် ICC အကြီးတန်းရှေ့နေချုပ်ကို ရာထူးက ဆိုင်းငံ့ထား

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 9
  • 1 min read

VOC/ June 9, 2026


အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးရဲ့ အကြီးတန်းရှေ့နေချုပ် Karim Khan ကို ဇွန်လ ၈ ရက်နှောင်းပိုင်းက စတင်ပြီး တာဝန်တွေက ရပ်ဆိုင်းထားပြီး တရားရုံးကြီးကြပ်ရေးအဖွဲ့က စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။

အသက် ၅၆ နှစ်အရွယ် Karim Khan ဟာ အမျိုးသမီးလက်ထောက်ဝန်ထမ်းတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အဆိုပါ အရှုပ်တော်ပုံမှာ နှစ်နှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ Khan ကတော့ စွပ်စွဲချက်အားလုံးကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

Assembly of the States Parties က ကြေညာချက်တစ်စောင်မှာ " ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ပြည်တွင်းကြီးကြပ်ရေးဝန်ဆောင်မှုရုံး (OIOS) မှ ပြုလုပ်သော စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ၊ အခြေခံအထောက်အထားများ၊ တရားရေးကျွမ်းကျင်သူများရဲ့ ad hoc ဘုတ်အဖွဲ့ရဲ့ အကြံဉာဏ်နဲ့ ရေးသားတင်ပြချက်များ” အပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရာထူးမှ ရပ်ဆိုင်းတာဟာ နောက်ဆုံးဆုံးဖြတ်ချက် မဟုတ်သေးဘူးလို့ ဆိုပါတယ်။

Karim Khan ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ရှေ့နေချုပ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်အခြေအနေ (Bangladesh/Myanmar situation) ကို တာဝန်ယူ စုံစမ်းစစ်ဆေးနေသူ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုများကို ICC က စုံစမ်းနေရာမှာ သူက ဦးဆောင်ခဲ့တာပါ။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ Karim Khan ရဲ့ ရုံးက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ရိုဟင်ဂျာများအား နှိပ်စက်ညှဉ်းပန်းခြင်းနှင့် နေရပ်စွန့်ခွာစေခြင်းဆိုင်ရာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ပေးရန် ICC တရားသူကြီးများထံ လျှောက်ထားခဲ့ဖူးပါတယ်။


Source - AP News



 
 
 

Comments


bottom of page