top of page

အမေရိကန်၊ ရုရှားခေါင်းဆောင်များကို လက်ခံတွေ့ဆုံပြီးနောက် တရုတ်သမ္မတ မြောက်ကိုရီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 8, 2026


ဇွန်လ (၈)ရက်က တရုတ်သမ္မတ Xi Jinpingဟာ ဒီနှစ်ရဲ့ ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး နှစ်ရက်ကြာခရီးစဉ် သွားရောက်ပါတယ်။

Xi Jinping နဲ့ ဇနီးသည် Peng Liyuan တို့ Pyongyang's Kim Il Sung Square ကို ကားနဲ့ရောက်လာချိန် စစ်တီးဝိုင်းများနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနကရေးသားပါတယ်။

Xi ဟာ မေလအတွင်းမှာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ကို အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံထားပါတယ်။

Xi ရဲ့ ခရီးစဉ်နဲ့ပတ်သတ်ပြီး တောင်ကိုရီးယားသမ္မတ Lee Jae Myung က "နျူကလီးယားလက်နက်ကင်းစင်ရေး ပန်းတိုင်ကို ကျွန်တော်တို့ လက်လွှတ်မခံသင့်ပါဘူး။ အခုချိန်မှာလည်း မြောက်ကိုရီးယားက နျူကလီယားပစ္စည်းတွေကို ထုတ်လုပ်နေဆဲဖြစ်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

ဒီခရီးစဉ်ဟာ သာမန် ချစ်ကြည်ရေး သက်သက် မဟုတ်ဘဲ တရုတ်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ပြန်လည်တည်ဆောက်ရေးနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်စနစ်ကို တန်ပြန်ရေး မဟာဗျူဟာဖြစ်တယ်ဟု ဆိုကြပါတယ်။



 
 
 

Comments


bottom of page