top of page

အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အရေးယူအပြစ်ပေးမှုတွေ လုပ်ဆောင်ကြဖို့ Fortify Rights တောင်းဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 9
  • 1 min read

VOC/ June 9, 2026


အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အမည်ခံသမ္မတ မင်းအောင် လှိုင်နဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ အရေးယူ အပြစ်ပေးမှုတွေ လုပ် ဆောင်ကြဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ဒီကနေ့ ဇွန်လ ၉ ရက်မှာ တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့က ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတွင်းကုန်းကျေးရွာမှာ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၂၈ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို Fortify Rights အဖွဲ့က ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ပြီးနောက် အခုလို တောင်းဆိုလာတာဖြစ်ပါတယ်။

ပဲခူးတိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်လို့ ယူဆရတဲ့ ဒေသမှာ ရှိတဲ့ အရပ်သားပြည်သူတွေကို အကြောက်တရား လွှမ်းမိုးအောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စဉ်ဆက် မပြတ်ကျင့်သုံးနေတဲ့ မဟာဗျူဟာကို ထင်ထင်ရှားရှား ပြသလိုက်တာလို့ Fortify Rights ဒါရိုက်တာ John Quinley က ပြောပါတယ်။

Fortify Rights အဖွဲ့ဟာ ပဲခူးတိုင်းဒေသ ရေတွန်းကုန်းကျေးရွာဘက်ကိုသွားရောက်ခဲ့ကြပြီး ဘုန်းကြီးကျောင်းဗုံးကြဲခံရမှု၊ အရပ်သားဖမ်းဆီးခံရမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရှင်သန်လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေ၊ တော်လှန်ရေး အင်အားစုတွေအပါအဝင်အနည်းဆုံး ၁၃ ဦးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်လက်အောက် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၂၀၊ ခမရ ၃၄၉ နဲ့ ခလရ ၂၆၄ တပ်တွေဟာ မတ်လ ၅ ရက်နေ့က ရေတွင်းကုန်းကျေးရွာထဲဝင်ရောက်ပြီး အရပ်သားတွေကို ဖမ်းဆီးပြီးသတ်ဖြတ်တာ၊ လေကြောင်း ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂၈ ဦးသေဆုံးခဲ့ရတယ်လို့ Fortify Rights က ထုတ်ပြန်ပါ တယ်။

Fortify Rights အဖွဲ့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို ပြုစုမှတ်တမ်းတင်နေတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတခု ဖြစ်ပါတယ်။



 
 
 

Comments


bottom of page