top of page

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို က ပေါ်တူဂီသမ္မတသစ် ကို အမှတ်တရ လက်ဆောင် ပေးအပ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 9
  • 1 min read

VOC/ 8 June 2026


ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းသားများက သူတို့အားလုံး လက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို ပေါ်တူဂီသမ္မတသစ် အန်တိုနီယို ဟိုဆေး ဆီဂူရို (António José Seguro) ကို အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ရန်အတွက် ပေါ်တူဂီအသင်း မထွက်ခွာမီ ပြုလုပ်ခဲ့သည့် နှုတ်ဆက်ပွဲအခမ်းအနားတွင် အမှတ််တရ ပေးခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်၊ ကွန်ဂိုတို့နဲ့အတူ အုပ်စု (K) မှာ ကျရောက်နေပြီး ဇွန်လ ၁၇ ရက်နေ့ ဟူစတန်မြို့မှာ ကွန်ဂိုအသင်းနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားမှာ အသက် ၂၁ နှစ်အရွယ်နဲ့ ပွဲဦးထွက်ကစားခဲ့ပြီး၊ ၆ ပွဲကစား၊ ၁ ဂိုးသွင်းကာ ပေါ်တူဂီကို စတုတ္ထနေရာရအောင် ကူညီပေးခဲ့ပါတယ်။

၁၆ နှစ်အကြာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာတော့ ဂါနာနဲ့ပွဲ စဉ် ၆၅ မိနစ်မှာ ပင်နယ်တီ သွင်းယူနိုင်ခဲ့လို့ "ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံး အမျိုးသားကစားသမား" အဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင် (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ရောက်ကစားတဲ့ စံချိန်တင်မှတ်တမ်းကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။


Source: X




 
 
 

Comments


bottom of page