အာဆီယံရဲ့ “အချက်ငါးချက်ပါ ဘုံသဘောတူညီချက်”အတိုင်း ဆောင်ရွက်ရန် နှင့် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားဟု အင်ဒိုနီးရှားပြောကြား
- thevoiceofchinland
- Jun 9
- 1 min read
VOC/ June 9, 2026
ဇွန်လ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono ဟာ မြန်မာနိုင်ငံ၊ နေပြည်တော်ကို သွားရောက်ကာ အကြမ်းဖက် စစ်ခေါင်းဆောင်မှ မြန်မာနိုင်ငံသမ္မတရာထူးကို တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
“အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဆွေးနွေးမှုတွေ ဖန်တီးနိုင်ပြီး ပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” လို့ Sugiono က ဇွန်လ ၉ ရက် (အင်္ဂါနေ့)က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းရည်မြှင့်တင်ရေး မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေလိုကြောင်း Sugiono ကပြောဆိုခဲ့ပြီး တရားဝင်စာရင်းဇယားများအရ အင်ဒိုနီးရှား-မြန်မာကုန်သွယ်မှုဟာ ၂၀၂၅ ခုနှစ်မှာ အရင်နှစ်စံချိန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ မရောက်ရှိခဲ့ဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံသည် အင်ဒိုနီးရှားရဲ့ ဆန်ထောက်ပံ့သူများထဲမှာ ပါဝင်ပြီး စားနပ်ရိက္ခာနဲ့ စွမ်းအင်အတွက် ပူးပေါင်းလုပ်ဆောင်သွားဖွယ်ရှိနေပြီး အင်ဒိုနီးရှားအနေနဲ့ အာဆီယံရဲ့ “အချက်ငါးချက်ပါ ဘုံသဘောတူညီချက်” ကို ဆက်လက်လိုက်နာသွားမယ်လို့လည်း ပြောဆိုထားပါတယ်။
အာဆီယံနိုင်ငံဟာ မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်က်ခွင့်မပေးသေးဘဲ ရပ်ဆိုင်းထားပါတယ်။ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က မကြာသေးမီက ရှန်ဂရီလာဖိုရမ်မှာ အာဆီယံအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ ချိန်ညှိနေကြောင်းပြောဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးအား အွန်လိုင်းဆွေးနွေးပွဲများမှာ တက်ရောက်စေဖို့လည်း ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ပြောဆိုပါတယ်။
Source - Jakata Globe






Comments