ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအို (Mindanao) ကျွန်းတွင် ယနေ့ တနင်္လာနေ့မနက်အစောပိုင်း ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် အဆောက်အအုံများပြိုကျနေပါတယ်။
- thevoiceofchinland
- Jun 8
- 1 min read
ငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၇း၃၇ နာရီဝန်းကျင်မှာ အနက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) တွင် လှုပ်ခတ်ခဲ့တယ်လို့ USGS က ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်တစ်ခု တနင်္လာနေ့က လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာဆန်းစစ်ရေးအဖွဲ့ (USGS) က ပြောကြားပြီး နိုင်ငံတွင်း ဆူနာမီသတိပေးချက်တွေကို ဖြစ်ပေါ်စေတယ်လို့ အိမ်နီးချင်း အင်ဒိုနီးရှားနဲ့ ဂျပန်တို့ က ပြောပါတယ်။
ဂျာမန်မြေကမ္ဘာသိပ္ပံသုတေသနစင်တာ (GFZ) ရဲ့ တိုင်းထွာချက်အရ ဒီငလျင်ဟာ အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပမာဏ (Magnitude) ၇.၈ အဆင့်အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ဒေသတွင်း အေဂျင်စီတွေကတော့ ငလျင်ပမာဏကို ၇.၀ နဲ့ ၇.၇ အသီးသီး ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။
အဆိုပါငလျင်က မင်ဒါနာအိုကျွန်း တောင်ဘက်စွန်းရှိ Sarangani ပြည်နယ်ရှိ General Santos City ကမ်းလွန်မှာ လှုပ်ခတ်ခဲ့ပြီး ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံ (Phivolcs) ငလျင်ဗေဒအေဂျင်စီက အရေးပေါ်ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှား၊ ဂျပန် နဲ့ ဖိလစ်ပိုင်တို့ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း Ring of Fire လို့ခေါ်တဲ့ စက်ကွင်းတစ်ခုအတွင်း ရှိပြီး ငလျင်နဲ့ မီးတောင်များ မကြာခဏ ဖြစ်ပေါ်ေလ့ရှိပါတယ်။
Source: Reuters




Comments