အစ္စရေးက အီရန်မြို့ကြီး သုံးမြို့ကို တုံ့ပြန်တိုက်ခိုက်
- thevoiceofchinland
- Jun 8
- 1 min read
VOC/ June 8, 2026
အစ္စရေးကို အီရန်က ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ အစ္စရေးဘက်က အီရန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
“မကြာသေးခင်က အစ္စရေးလေတပ်ဟာ အီရန်အနောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ အီရန်အကြမ်းဖက်အစိုးရပိုင် စစ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့တယ်" လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က Telegram မှာ ရေးသားဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်မြို့ကြီးသုံးမြို့မှာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှလည်း ကြေငြာသွားပါတယ်။ "Tehran၊ Tabriz နဲ့ Isfahan မှာ ပေါက်ကွဲမှုတွေ အများအပြားကြားရတယ်" လို့ အစိုးရရုပ်သံက ထုတ်လွှင့်ခဲ့ပြီး အီရန် အလယ်ပိုင်း Karaj အနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါတယ်။
အီရန်ရဲ့ ဒုံးကျည်ဖြင့် ပစ်ခတ်မှုအပြီးမှာ အမေရိကန် သမ္မတ Donald Trump ဟာ အစ္စရေးကို လက်တုံ့မပြန်ဖို့ တိုက်တွန်းဖို့ စီစဉ်ထားကြောင်း အမေရိကန်မီဒီယာ Axios ကို ပြောဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတက အစ္စရေးရဲ့ Channel 12 သတင်းကို ထပ်လောင်းပြောကြားခဲ့ပြီး “ယနေ့ညတွင် နောက်ထပ်တိုက်ခိုက်မှု” ကို မမြင်လိုကြောင်း ပြောဆိုထားတယ်လို့ အစ္စရေးတိုင်းမ်စ်က ဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် Netanyahuကို "အခုချက်ချင်း ဖုန်းဆက်ပြီး လက်တုံ့မပြန်ဖို့ ပြောဆိုသွားမယ်" လို့ သူက ဆက်ပြောဆိုပါတယ်။ လက်ရှိမှာ အစ္စရေးက အမေရိကန်သံရုံးကို ပိတ်ထားရသလို အီရန် တီဟီရန်လေဆိပ်လည်း ပိတ်ထားရပါတယ်။
Source - Aljazeera




Comments