မူဆယ်မှာ ရွှေဆိုင်ပိုင်ရှင်လင်မယားနှစ်ဦး ဓားပြတိုက်ခံရ
- thevoiceofchinland
- Jun 9
- 1 min read
VOC/ June 9, 2026
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ရွှေဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို အမည်မသိ အမျိုးသား ၄ ဦးက သေနတ် ထောက်ပြီး ဓားပြတိုက်မှု မနေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇွန်လ ၈ ရက် ညနေပိုင်း ၃ နာရီကျော်ကျော်လောက်မှာ မူဆယ်မြို့ တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အဆိုပါ လင်မယားနှစ်ဦးဟာ နေအိမ်ကိုပြန်လာချိန်မှာ ဓားပြတိုက်ခံရတာလို့ သျှမ်းသံတော်ဆင့်သတင်းဌာနကဖော်ပြပါ တယ်။
CCTV ရုပ်သံမှတ်တမ်းအရ အဆိုပါ လင်မယားနှစ်ဦးဟာ ဆိုင်ကယ်တစ်စီးမောင်းနှင်လာစဉ်မှာ လက်နက်ကိုင်ဆောင် ထားတဲ့ အမျိုးသား ၄ ဦးက ကားဖြင့် ဝင်တိုက်ပြီး ပစ္စည်းတွေလုယူသွားတာတွေ့ရပါတယ်။
ဓားပြတိုက်သွားတဲ့ အမျိုးသား၄ ဦးကတော့ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ဓားပြတိုက် လုယက်ခံရမှုမှာ ဘာတွေပါသွားလဲဆိုတာလည်း တိတိကျကျမသိရေသးပါဘူး။
အကြမ်းဖက်စစ်တပ်ရဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်မှာ အခုလို လုယက်မှု၊ ဓားပြတိုက်မှုတွေအပြင် ခိုးမှုတွေလည်း မကြာခဏဖြစ်ပေါ်နေ တယ်လို့ သိရပါတယ်။
Video- သျှမ်းသံတော်ဆင့်




Comments