top of page

Kyle Field မှာ ပရိသတ် ကိုးသောင်းကျော် ကြည့်ရှုအားပေးကြတဲ့ အာဂျင်တီးနား- ဟွန်ဒူးရပ်စ်ပွဲ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 8 2026


လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဟွန်ဒူးရက်စ်နဲ့ ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲ ကစားခဲ့ပြီး ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

 ဇွန်လ ၆ ရက်နေ့က တက္ကဆက်ပြည်နယ်၊ ကောလိပ်စတေးရှင်းရှိ ကိုင်လ်ဖီးလ်ဒ် (Kyle Field) အားကစားကွင်းတွင် ကျင်းပခဲ့တဲ့ ခြေစမ်းပွဲတွင် အာဂျင်တီးနားအသင်းက ဟွန်ဒူးရပ်စ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ Kyle ကွင်းမှာ လာရောက်ကြည့်ရှုသူ ပရိသတ်ဦးရေ စုစုပေါင်း ၉၁,၁၀၂ ဦး ရှိခဲ့ပါတယ်။

ထို့အပြင် အာဂျင်တီးနားပရိသတ် အများဆုံးရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ လမ်းမပေါ်တွေမှာ စုဝေးပြီး ကြည့်ရှုအားပေးခဲ့ကြပါတယ်။

အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပထမဆုံးပွဲစဉ်ကို ကန်ဆက်စီးတီးမှာပဲ အယ်လ်ဂျီးရီးယားအသင်းနဲ့ စတင်ရင်ဆိုင်သွားမှာဖြစ်ပြီး၊ ထို့နောက် သြစတြီးယား၊ ဂျော်ဒန်တို့နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးနဲ့ ပရိသတ်အမာခံအများဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး၊ ပြိုင်ပွဲသက်တမ်းတစ်လျှောက် ချန်ပီယံဆုကို ၁၉၇၈၊ ၁၉၈၆ နဲ့ မကြာသေးမီက ၂၀၂၂ ခုနှစ်တို့မှာ စုစုပေါင်း ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိထားပါတယ်။

တစ်ဦးချင်းမှတ်တမ်းတွေမှာတော့ လက်ရှိအသင်းခေါင်းဆောင် မက်ဆီဟာ ဒီခြေစမ်းပွဲ မှာတော့ မပါဝင်ခဲ့သော်လည်း၊ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အာဂျင်တီးနားအတွက် ဂိုးသွင်းအများဆုံး (၁၃ ဂိုး) အဖြစ် စံချိန်တင်ထားသလို၊ ပြိုင်ပွဲစုံ ၂၆ ပွဲအထိ ကစားပေးထားပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားအဖြစ်ပါ စံချိန်တင်ထားပါတယ်။


Source: ESPN, X



 
 
 

Comments


bottom of page