တီးတိန်မြို့နဲ့ ရိခေါဒါရ်မြို့ကိုဆက်သယ်ထားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်က မဏိပူရမြစ်ကူး မံဆောင်းတံတားကို ဇွန်လ ၇ ရက်မနက်ပိုင်းက အမည်မသိ အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်
- thevoiceofchinland
- Jun 9
- 1 min read
ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နဲ့ ရိခေါဒါရ်မြို့ကိုဆက်သယ်ထားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်က မဏိပူရမြစ်ကူး မံဆောင်းတံတားကို ဇွန်လ ၇ ရက်မနက်ပိုင်းက အမည်မသိ အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။
မံဆောင်းတံတားဟာ တီးတိန်ကနေ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို သွားလာရာမှာ အဓိကအသုံးပြုနေရတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့ကလည်း မံဆောင်းတံဟားအဟောင်းကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်ဆီး ခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရပြီး ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်ကြရပြီးဖြစ်ပါ တယ်။
Video Credit




Comments