top of page

အမေရိကန်ဗီဇာငြင်းပယ်ခံရတဲ့ ဒိုင်လူကြီးကို ဆိုမာလီယာပရိသတ်များနဲ့အာဏာပိုင်များ မိုဂါဒစ်ရှူးလေဆိပ်မှာ ဂုဏ်ပြုကြိုဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 1 min read

VOC/ Sports/ June 10, 2026


အမေရိကန်ကို ဝင်ရောက်ခွင့်ငြင်းပယ်ခံလိုက်ရတဲ့ ဆိုမာလီယာနိုင်ငံမှ ကမ္ဘာ့ဖလားဒိုင်လူကြီးဟာ ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှူးကို ဇွန်လ ၁၀ရက်က ပြန်လည်ရောက်ရှိလာပြီး ပရိသတ်များနဲ့ အစိုးရအရာရှိတွေက ကြိုဆိုကြပါတယ်။

ကမ္ဘာ့ဖလားမှာ ဒိုင်လူကြီးအဖြစ် ရွေးခြယ်ခံရတဲ့ Omar Artan ဟာ တာဝန်ယူခွင့်ရပါက ဆိုမာလီယာမှ ပထမဆုံးဒိုင်လူကြီးဖြစ်လာမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၅ ခုနှစ်မှာ အာဖရိကတိုက်ရဲ့ အကောင်းဆုံး အမျိုးသားဒိုင်လူကြီးအဖြစ် ရွေးချယ်ခံထားရပါတယ်။

ဇွန်လ ၉ ရက်နေ့က အမေရိကန်အာဏာပိုင်တွေက Artan ကို အကြမ်းဖက်အဖွဲ့အစည်းတွေက သံသယရှိသူတွေနဲ့ဆက်စပ်တဲ့အတွက် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့ပါတယ်။

"ဖြစ်ပျက်ခဲ့တာတွေက ဖြစ်ပျက်ခဲ့ပြီးပါပြီ။ ကံမကောင်းပါဘူး။ ဖီဖာက ကျွန်တော့်ကို ပေးခဲ့တဲ့ ပံ့ပိုးမှုအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်" လို့ Artan က ပြောဆိုပြီး သူ့ကိုအားပေးနေသူများကို သူ့နိုင်ငံကို ထောက်ခံပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ "ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဆိုမာလီယာဟာ ကျွန်တော်တို့နိုင်ငံပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ မျှော်လင့်ချက်မဆုံးရှုံးဖို့ လူငယ်တွေကို ပြောချင်ပါတယ်" လို့ သူက ဖြည့်စွက်ပြောကြားကပါတယ်။

ဆိုမာလီယာအစိုးရက Artan အမေရိကန်ဝင်ခွင့်ရဖို့ FIFA နဲ့ အမေရိကန်အစိုးရ ညှိနှိုင်းမှုမအောင်မြင်တဲ့အတွက် ဝမ်းနည်းမိကြောင်း ပြောဆိုပါတယ်။ အမေရိကန်အစိုးရရဲ့ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးက ဆိုမာလီယာအပါအဝင် နိုင်ငံပေါင်း များစွာ ခရီးသွားလာခွင့် အပြည့်အဝ ပိတ်ပင်ထားပါတယ်။


Source - The Guardian



 
 
 

Comments


bottom of page