top of page

အိုက်စလန်-အာဂျင်တီးနား ခြေစမ်းပွဲမှာ အရန်ခုံက လူစားဝင်ပြီး တစ်ဂိုးသွင်းယူခဲ့တဲ့ မက်ဆီ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 1 min read

VOC/ Sports/ June 10, 2026


အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားပွဲစဉ်မစတင်မီ အိုက်စလန်အသင်းနဲ့ အလာဘားမားပြည်နယ်၊ အော်ဘန်းမြို့မှာ နောက်ဆုံးခြေစမ်းပွဲစဉ်ကစားခဲ့ရာမှာ ၃-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ Lionel Messi ကလည်း အရန်ခုံကနေ မိနစ် ၇၀ မှာ လူစားဝင်ခဲ့ပြီး ပင်နယ်တီတစ်ဂိုးသွင်းယူပြီး သူ့ရဲ့ခြေစွမ်းကျန်နေသေးတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ၁၁၇ ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးလည်း ဖြစ်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ Messi ဟာ အာဂျင်တီးနားရဲ့ ပထမခြေစမ်းပွဲစဉ်ဖြစ်တဲ့ ဟွန်ဒူးရပ်စ်နဲ့ပွဲစဉ်မှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ မေလ ၂၄ ရက်နေ့ကက အင်တာမိုင်ယာမီရဲ့ ပွဲစဉ်တခုမှာ သူဟာ ဘယ်ဘက်ပေါင်ခြံဒဏ်ရာ ရရှိထားပါတယ်။

အာဂျင်တီးနားဟာ ပွဲစချိန် ၈ မိနစ်ကတည်းက Valentin Barco က ဦးဆောင်ဂိုးသွင်းယူထားပြီး Lionel Messi က ပွဲချိန် ၇၂ မိနစ်မှာ ပင်နယ်တီမှတဆင့် ဂိုးသွင်းယူခဲ့ကာ ပွဲချိန် ၈၆မိနစ်မှာတော့ Thiago Almada က တစ်ဂိုးသွင်းယူခဲ့ပြီး ၃ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာလည်း ခြေစွမ်းကောင်းနေပြီး နောက်ဆုံးပွဲစဉ် ၅ ပွဲလုံးမှာ အနိုင်ရရှိထားပြီး သွင်းဂိုး ၁၄ ဂိုးနဲ့ ပေးဂိုး ၁ ဂိုးသာ ရှိထားပါတယ်။ အာဂျင်တီးနား - အိုက်စလန် (၃-၀) ၊ အာဂျင်တီးနား - ဟွန်ဒူးရပ်စ် (၂-၀)၊ အာဂျင်တီးနား - ဇမ်ဘီယာ (၅-၀)၊ အာဂျင်တီးနား - မော်ရာတန်နီးယား (၂-၁) ၊ အာဂျင်တီးနား - အန်ဂိုလာ (၂-၀) နဲ့ အနိုင်ရရှိထားပြီး Lionel Messi၊ Lautaro Martínez၊ Juliano Simeone၊ Valentín Barco တို့ ပုံမှန်ခြေစွမ်းကောင်းနေကြပါတယ်။

လက်ရှိချန်ပီယံ Argentina ဟာ Group J မှာ အယ်ဂျီးရီးယား၊ ဩစတြီးယား၊ ဂျော်ဒန်တို့နဲ့ တစ်အုပ်စုထဲဖြစ်တာကြောင့် ပွဲစဉ်ချောင်တယ်လို့လည်း သုံးသပ်လို့ရပါတယ်။ အာဂျင်တီးနားရဲ့အုပ်စုပထမဆုံးပွဲစဉ်ဟာ ဇွန်လ ၁၆ ရက်မှာဖြစ်ပြီး အယ်ဂျီးရီးယားအသင်းနဲ့ခြေစွမ်းပြကစားရမှာဖြစ်ပါတယ်။


Source: ESPN



 
 
 

Comments


bottom of page