မြန်မာအပါအဝင် အကျပ်အတည်းများ ကြုံတွေ့နေရတဲ့ ၂၁ နိုင်ငံအတွက် အမေရိကန်က ဒေါ်လာ ၃.၈ ဘီလီယံ ကူညီမည်
- thevoiceofchinland
- Jun 10
- 1 min read
VOC/ 9 June 2026
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း ပဋိပက္ခနှင့် လူသားချင်းစာနာရေး အကျပ်အတည်းများ ကြုံတွေ့နေရတဲ့ ၂၁ နိုင်ငံရှိ ပြည်သူ သန်းပေါင်းများစွာကို အရေးပေါ် ကူညီပံ့ပိုးရန်အတွက် အမေရိကန် ပြည်ထောင်စု က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ရန်ပုံငွေကို ပိုမိုမြန်ဆန်၊ ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိစေရန် ပြုပြင်ပြောင်းလဲထားသော ကူညီထောက်ပံ့မှု ပုံစံသစ်ဖြင့် ခွဲဝေပေးအပ်မည်ဖြစ်ပြီး၊စတင်အကောင်အထည်ဖော်ခဲ့တဲ့ ပထမဆုံး လေးလအတွင်း ပြည်သူ ၂၁ သန်းကျော်ထံ ထိထိရောက်ရောက် ကူညီပံ့ပိုးနိုင်ခဲ့တယ်ဟု သိရပါတယ်။
Source: US Mission Geneva




Comments