top of page

မင်းတပ်ကို စစ်တပ်က ဗုံး ၁၀ လုံးကျော်ဖြင့်ထပ်မံတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 10
  • 1 min read

VOC/ June 10, 2026


အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုဆက်လုပ်ပြီး ဒီကနေ့မှာလည်း ဗုံး ၁၀ လုံးကျော် ကြဲချခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို ၄ ကြိမ်၊ ဗုံး ၈ လုံးကြဲချခဲ့တယ်လို့သိရပါတယ်။

ညနေပိုင်း ၂ နာရီခွဲဝန်းကျင်မှာလည်း နေပြည်တော်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက မင်းတပ်မြို့ပေါ်တနေရာကို ၂ ကြိမ်၊ ဗုံး ၄ လုံးကြဲချခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်တောင်ပိုင်း မင်းတပ် နဲ့ ကန်ပက်လက်မြို့တို့ကို စစ်အင်အားထောင်ချီဖြင့် မြေပြင် ကနေ ထိုးစစ်ဆင်နေပြီး မြေပြင်တိုက်ပွဲမှာ အထိနာနေတာကြောင့် လေကြောင်းကနေ အညိုးတကြီးဖြင့် မင်းတပ်ကို နေ့စဉ်ရက်ဆက်ဗုံးကြဲနေတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page