top of page


အကြမ်းဖက်စစ်အစိုးရ လူကယ်ပြန် ဒုဝန်ကြီး ဟားခါးမြို့ကိုရောက်ရှိနေ
VOC/ May 27, 2026 အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရ လူ/ကယ်/ပြန် ဒုဝန်ကြီး ဒေါက်တာ သန်းစိုး ဟားခါးမြို့ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိလာတယ်လို့စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရရဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့်အဖွဲ့ဝင် ၈ ဦးတို့ဟာ ကလေးမြို့ကနေ Mi-17 ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့ကို ယနေ့မနက်ပိုင်းက ရောက်ရှိလာကြတာလို့သိရပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ချင်းပြည် ဖလမ်း နဲ့ တွန်းဇံမြို့
May 27


၂၀၂၈ ခုနှစ်မှာ လူသားတွေ လပေါ်ကို ပြန်သွားနိုင်ဖို့ လအခြေစိုက်စခန်းတစ်ခု စီစဉ်နေကြောင်း NASA ကြေညာ
VOC/ May 27, 2026 NASA က ၂၀၂၈ ခုနှစ်မှာ လူသားတွေကို လပေါ်ပြန်သွားနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ကြိမ်မှာတော့ Apollo ခေတ်လို ခဏတာသွားရောက်တာမဟုတ်ဘဲ အမြဲတမ်း လူနေထိုင်နိုင်တဲ့ လအခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အခုနှစ် မတ်လအတွင်း ကြေညာခဲ့တဲ့ ဒေါ်လာ ၂၀ ဘီလီယံတန် စီမံကိန်းအတွက် ပထမအဆင့်မှာ ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီတွေနဲ့ တိုးတက်မှုအခြေအနေတွေကို NASA က မေလ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ NASA အုပ်ချုပ်ရေး
May 27


မျက်ရည်Phyu Phyu Kyaw Thein
မလေးရှားနိုင်ငံရှိ Chin Refugee Committee (CRC) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော် ဖြူဖြူကျော်သိန်းက စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေရဲ့ ဒုက္ခဆင်းရဲမှုများအတွက် သီချင်း “မျက်ရည်” ကို ထောင်နဲ့ချီတဲ့ ဒုက္ခသည်များရှေ့မှာ သီဆိုခဲ့ပါတယ်။ Source: CRC
May 27


"စင်မြင့်ထက်က စူပါစတားဘဝမှ နိုင်ငံမဲ့ဒုက္ခသည်ဘဝသို့" (Chin Refugee Committee ၂၅ နှစ်ပြည့်အခမ်းအနားမှာ ပြောကြားခဲ့တဲ့ ဖြူဖြူကျော်သိန်း၏ စိတ်ထိခိုက်ဖွယ် မိန့်ခွန်း)
VOC/ May 27, 2026 မလေးရှားနိုင်ငံရှိ Chin Refugee Committee (CRC) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက ရာနဲ့ချီတဲ့ ချင်းဒုက္ခသည်များရှေ့မှာ မိန့်ခွန်းပြောကြားချိန် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ တချိန်က မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့အထင်ရှားဆုံး စူပါစတားများထဲမှ တစ်ဦးအဖြစ် လူသိများခဲ့တဲ့ ဒေါက်တာ ဖြူဖြူကျော်သိန်းဟာ လူအုပ်ကြီးပြည့်နှက်နေတဲ့ ဖျော်ဖြေပွဲများ ကျင်းပနိုင်ခဲ့သူ၊ ရုပ်သံအစီအစဉ်များမှာ မကြာခဏ ပါ
May 27


မလေးရှားချင်းဒုက္ခသည်များကော်မတီ-CRC ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားမှာ UFC ချန်ပီယံ Joshua Van ပြောသွားတဲ့ အမှတ်တရစကား (မြန်မာလို အောက်မှာဘာသာပြန်ဆိုထားပါတယ်)
VOC/ May 27, 2026 အခုလို ကျွန်တော့်ကို စကားပြောခွင့် ပေးတဲ့အတွက်၊ ဖိတ်ကြားပေးတဲ့အတွက် ချင်းဒုက္ခသည်ကော်မတီ (CRC) ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ CRC ရဲ့ ငွေရတုအခမ်းအနားကို ဆင်နွှဲခွင့်ရတဲ့အတွက် မိဘပြည်သူတွေနဲ့ထပ်တူ ကျွန်တော်လည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ CRC ရဲ့ ကူညီစောင့်ရှောက်မှုတွေဟာ ကျွန်တော်တို့ ချင်းလူမျိုးတွေတင်မကဘဲ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ အခြားသော ဒုက္ခသည်တွေအတွက်ပါ အင်မတန်မှ အရေးပါလှပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်၊ ၁၄ နှစ်ခန့် (၂၀၁၉
May 27


အမေရိကန်ကျန်းမာရေးဝန်ကြီး မြွေများကို လက်ဗလာနဲ့ဖမ်းယူ
VOC/ May 27, 2026 အမေရိကန် ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. က ဖလော်ရီဒါပြည်နယ်ရှိ Dr. Mehmet Oz ရဲ့ ကမ်းခြေအိမ်မှာ တွေ့ရှိခဲ့တဲ့ black racer မြွေတွေကို ကိုယ်တိုင်ဖမ်းယူဖယ်ရှားနေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ မေလ ၂၆ ရက်နေ့က တင်ခဲ့တဲ့ ဒီဗီဒီယိုအောက်မှာ Kennedy က ဒီမြွေတွေကို Oz ရဲ့ အိမ်ကနေ ဖယ်ရှားပေးခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဗီဒီယိုထဲမှာ Kennedy ဟာ ဖိနပ်မစီးဘဲ အင်္ကျီနဲ့ ဘောင်းဘီဝတ်ထားပြီး မြွေတွေရှိရာကို လျှောက်သွားကာ လက်ဗလာနဲ့ ဖမ်းယူနေပါတယ
May 27


QUAD နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးကိုလည်း သီးသန့်ထည့်သွင်းဆွေးနွေး
VOC/ May 27, 2026 QUAD နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကိုလည်း သီးသန့်ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ QUAD အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ United States၊ Australia၊ India နဲ့ Japan တို့ဟာ ဒေသတွင်း လုံခြုံရေး၊ စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအခြေအနေအပေါ် စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ QUAD ရဲ့ ပူးတွဲကြေညာချက်ထဲမှာ မြန်မာနိုင်ငံတွင်း ပဋိ
May 27


ဘယ်လ်ဂျီယမ်မှာ ကျောင်းကားနဲ့ရထားတိုက်မိမှုကြောင့် မသန်စွမ်းကလေးနှစ်ဦးအပါအဝင် လူ ၄ ဦးသေဆုံး
VOC/ May 26, 2026 ဘယ်လ်ဂျီယမ်နိုင်ငံ၊ Buggenhout မြို့လေးမှာ ကျောင်းကားနဲ့ ရထားတိုက်မိမှုကြောင့် မသန်စွမ်းကလေးနှစ်ဦးအပါအဝင် လူ လေးဦး သေဆုံးခဲ့ပါတယ်။ အင်္ဂါနေ့ မနက်ပိုင်းက Brussels မြို့တော်ရဲ့ မြောက်ဘက် ၂၃ ကီလိုမီတာအကွာက Buggenhout ဘူတာအနီးမှာ မသန်စွမ်းကျောင်းသား ၇ ဦးနဲ့ အထိန်းတစ်ဦးကို သယ်ဆောင်လာတဲ့ကားနဲ့ ရထားတို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ မသန်စွမ်းကလေးနှစ်ဦးနဲ့ အဖော်လိုက်လာသူ လူကြီးတစ်ဦး၊ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး တခြားကျောင်းသားနှစ်ဦးမှာ ဆိုးဝါးစွာ ဒဏ်ရာရခဲ့ပါတယ်။...
May 27


ချင်းပြည်(Chinland) အစိုးရအဖွဲ့ နှင့် ဒေသန္တရအစိုးရအဖွဲ့များတွေ့ဆုံ
VOC/ May 26, 2026 ချင်းပြည်(Chinland) အစိုးရ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်နှင့်အဖွဲ့ဟာ မကြာသေးခင်ရက်ပိုင်းက ချင်းပြည် အတွင်း ဒေသ ၄ ခုကို သွားရောက်ပြီး ဒေသန္တရအစိုးရတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရ ပါတယ်။ ဝန်ကြီးချုပ်ဆလိုင်းမျိုးထိုက်နှင့်အတူ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ဆလိုင်းဇထောင်း၊ ပညာရေးဝန်ကြီး ဆလိုင်းဂျိမ်းစ်တို့ ပါဝင်သော အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ မေလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ချင်းပြည်အတွင်းရှိ လောက်တူ၊ မရာ၊ ထန်တလန်နှင့် ဇိုဖေရမ် ဒေသတွေကို..
May 26


အကြမ်းဖက်စစ်တပ်က အဓမ္မစစ်သားစုဆောင်းမှုပိုမိုလုပ်ဆောင်လာတဲ့အပေါ် အာဆီယံပါလီမန်အမတ်အဖွဲ့က ပြင်းထန်စွာကန့်ကွက်
VOC/ May 26, 2026 အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံတဝန်းလုံးမှာ လူငယ်တွေအပေါ် အဓမ္မစစ်သားစုဆောင်မှု ပိုမိုလုပ် ဆောင်လာတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့(APHR) က ပြင်းထန်စွာကန့်ကွက်ရှုတ် ချလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးခဲ့ပြီးကတည်းက ဒီကနေ့ ချိန်ထိ လူဦးရေတစ်သိန်းနှစ်သောင်းအထိ အဓမ္မတပ်သားစုဆောင်းခဲ့တယ်လို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က မေလ ၂၅ ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်
May 26


မတူပီမြို့ကို အကြမ်းဖက်စစ်တပ်က အပြင်းအထန်ဗုံးကြဲတိုက်ခိုက်
VOC/ May 26, 2026 ချင်းပြည်တောင်ပိုင်း မတူပီမြို့ကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ပိုင်းက ဂျက်ဖိုက်တာ၊ Y 12 လေယာဉ်တွေနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ယနေ့မေလ၂၆ ရက်မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မတူပီမြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကို ဂျက်ဖိုက်တာ ၇ စီး, Y 12 လေယာဉ်တွေနဲ့ အကြိမ် ၂၀ ကျော် လေကြောင်းတိုက်ခိုက်သွားတာလို့ ချင်းပြည်တောင်ပိုင်းဒေသ လေကြောင်း သတင်းကိုအမြဲစောင့်ကြည့်နေတဲ့ HKL Mindat ကဖော်ပြပါတယ်။ တံတားဦး၊ မကွေး နဲ့ အေလေလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၇ စီးဖြင့်
May 26


မြစ်ဆုံစီမံကိန်းအပြီးဖျက်သိမ်းရန် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား/လူငယ်တွေ ဆန္ဒပြ
VOC/ May 26, 2026 အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရက မြစ်ဆုံရေကာတာစီမံကိန်း ပြန် လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား၊ လူငယ်တွေက ပြုလုပ်ခဲ့ကြပါတယ်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW) က ဦးစီးပြီ တက္ကသိုလ်ကျောင်းသားလူငယ်တွေပါဝင်တဲ့ အဲဒီလှုပ် ရှားမှုကို ဧရာဝတီမြစ်ကမ်းနဘေးမှာ မနေ့ မေလ ၂၅ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်အစိုးရဟာ မြစ်ဆုံစီမံက
May 26


ယောဒေသ ရွာသာကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့
VOC/ May 26, 2026 ချင်း-မကွေးအစပ် ယောဒေသကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်က ရွာသာကျေးရွာကို ယနေ့မနက်ပိုင်းမှာ မီးရှို့သွားတယ်လို့သိရပါတယ်။ တပြင်းကျေးရွာကနေ အင်အား ၃၀၀ ခန့်ဖြင့် ကျောက်ထုမြို့ဘက်ကို ရှေ့ပြေး ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ မနေ့ညနေပိုင်းက ရွာသာကျေးရွာကိုရောက်ရှိခဲ့ပြီးနောက် ယနေ့မနက်ပိုင်းမှာ ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့ခဲ့တာဖြစ် ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ယာဉ်အစီးရေ ၃၀ အင်အား ၁၅၀၀ ခန့်ဖြင့် တပြင်းကျေးရွာကနေထွက်လာပြီး အဲဒီထဲက ရှေ့ပြေးအင်အား ၃၀၀ ခန့်ဟာ အ
May 26


ဆွေးနွေးမှုများ တိုးတက်လာပေမယ့် အမေရိကန်နှင့် သဘောတူညီချက် နီးစပ်မှုမရှိသေးကြောင်း အီရန်ပြောဆို
VOC/ May 25, 2026 ဆွေးနွေးပွဲများမှာ တိုးတက်မှုများ ရှိခဲ့ပေမယ့် အမေရိကန်နှင့် သဘောတူညီချက်ရဖို့ နီးစပ်မှုမရှိဘူးလို့ အီရန်အစိုးရက မေလ ၂၅ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ ရှေ့နောက်မညီသော ထုတ်ပြန်ချက်တွေနဲ့ အစ္စရေးတို့ရဲ့ စွက်ဖက်မှုတွေက ဆွေးနွေးပွဲများမှာ အတားအဆီးဖြစ်နေတယ်လို့ အီရန်အစိုးရက ထောက်ပြလိုက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ တနင်္လာနေ့မှာ သဘောတူညီချက်ရနိုင်လိမ့်မည်ဟု မျှော်လင့်ထားပေမယ့် မပြေလည်သေးတဲ့ ပြဿနာများရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ
May 26


အောက်မေ့ဖွယ်နေ့မှာ အီရန်စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့သူများကို ကျေးဇူးတင်ကြောင်း သမ္မတမိန့်ခွန်းထဲ ထည့်သွင်းပြောဆို
VOC/ May 26, 2026 အမေရိကန်သမ္မတ Donald Trump ဟာ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ရင်း ကျဆုံးသွားသူများကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်နေ့ (Memorial Day) မှာ အာလင်တန် အမျိုးသားစစ်သင်္ချိုင်း (Arlington National Cemetery) ကို တက်ရောက်ပြီး ကျဆုံးသူများကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မေလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာ Trump က တက်ရောက်ခဲ့ပြီး မကြာမီ ကျရောက်တော့မယ့် (၂၅၀) ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ကို "သမိုင်းဝင် မှတ်တိုင်တစ်ခု" အဖြစ်ညွှန်းဆိုခဲ့ပါတယ်။ မ
May 26


#ဓာတ်ပုံသတင်း
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu, Hall ခန်းမမှာ ယနေ့ညပိုင်းက ကျင်းပပြုလုပ်သော UFC ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van နဲ့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိမ်းတို့ရဲ့ အထူးပရိတ်သတ်တွေ့ဆုံပွဲမြင်ကွင်း။ Photo- CRC Malaysia
May 26


UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Joshua Van မလေးရှားရောက်ပြီ
VOC/ May 25, 2026 UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ် ကို ယနေ့ညနေပိုင်းမှာ ရောက်ရှိလာပြီး မလေးရှားရောက်ချင်းလူမျိုးတွေနဲ့ မြန်မာနိုင်ငံသား အမြောက်အများက လေဆိပ် မှာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာကျော် ချင်းဖိုက်တာ Joshua Van ဟာ မေလ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မလေးရှား Chin Refugee Committee -CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားမှာ အထူးဧည့်သည်တော် အဖြင့် တက်ရောက်မှာဖြစ်ပါတယ်။ မလ
May 25


အကြမ်းဖက်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေးအကောင့် ၁၀၀ ကျော်ကို Facebook ဖယ်ရှား
VOC/ May 25, 2026 အကြမ်းဖက်စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေးအကောင့်ပေါင်း ၁၀၀ ကျော်ကို Facebook ကုမ္ပဏီ က ဖယ်ရှားလိုက်ပါတယ်။ စစ်တပ်ပိုင် Mytel၊ MECtel နဲ့ အရောင်းကိုယ်စားလှယ်တွေ ပိုင်ဆိုင်တဲ့ စာမျက်နှာများ၊ ပရိုဖိုင်အကောင့်များ၊ ဂရုများ နဲ့ MRTV ၊ MWD(မြဝတီ) တို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို ဖြန့်ဖြူးနေတဲ့ အကောင့်အပါအဝင် စုစုပေါင်း ၁၀၉ ခုကို Facebook ကုမ္ပဏီက ဖယ်ရှားခဲ့ တာလို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။ ဒီအရေးယူဆောင်ရွက်ဟာ Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တ
May 25


ကယ်လီဖိုးနီးယားပြည်နယ်က GKN Aerospace စက်ရုံဓာတုဗေဒကန်အက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ ပြည်သူ ၅၀၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းထား
VOC/ May 25, 2026 အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Garden Groveမြို့က GKN Aerospace စက်ရုံမှာ ဓာတုဗေဒကန်အက်ကွဲပြီး ယိုစိမ့်ကာ ပေါက်ကွဲနိုင်ခြေရှိတဲ့အတွက် ဒေသခံ ပြည်သူ ၅၀,၀၀၀ ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။ အဆိုပါ ဓာတုကန်မှာ ပလတ်စတစ်နဲ့ Resinများ ထုတ်လုပ်ရာမှာ သုံးတဲ့ အဆိပ်အတောက်ပြင်းပြီး မီးလောင်လွယ်သော မီသိုင်းမက်သကရီလိတ် (Methyl Methacrylate) အရည် ဂါလန် ၇,၀၀၀ နီးပါး ရှိနေပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ကန်အတွင်း အပူချိန်နဲ့ ဖိအားတွေဟာ ဘေးကင်းစ
May 25


မြိုင်မြို့နယ် သရက်ကန်ရွာက စစ်တပ်နဲ့ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်
VOC/ May 25, 2026 မကွေးဒေသ၊ မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှာ အခိုင်အမာတပ်စွဲထားကြတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး တပ်ဖွဲ့စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၃ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် ၁၈ လက်နဲ့ ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ပါတယ်။ ဒေသတွင်းတော်လှန်ရေးမဟာမိတ် ၁၀ ဖွဲ့ကျော်ပူးပေါင်းပြီး "တမာမြေစစ်ဆင်ရေး"လို့အမည်ပေးထားကြတဲ့ ဒီစစ်ဆင်းရေးမှာ သရက်ကန်ရွာက စစ်တပ်နဲ့ပျူစခန်းကို မေလ ၂၂ ရက်၊ မနက် ၅ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး လေကြောင်း ကနေ အကြိမ် ၄
May 25
bottom of page