top of page

မတူပီမြို့ကို အကြမ်းဖက်စစ်တပ်က အပြင်းအထန်ဗုံးကြဲတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 26
  • 1 min read

VOC/ May 26, 2026


ချင်းပြည်တောင်ပိုင်း မတူပီမြို့ကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ပိုင်းက ဂျက်ဖိုက်တာ၊ Y 12 လေယာဉ်တွေနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

ယနေ့မေလ၂၆ ရက်မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မတူပီမြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကို ဂျက်ဖိုက်တာ ၇ စီး, Y 12 လေယာဉ်တွေနဲ့ အကြိမ် ၂၀ ကျော် လေကြောင်းတိုက်ခိုက်သွားတာလို့ ချင်းပြည်တောင်ပိုင်းဒေသ လေကြောင်း သတင်းကိုအမြဲစောင့်ကြည့်နေတဲ့ HKL Mindat ကဖော်ပြပါတယ်။

တံတားဦး၊ မကွေး နဲ့ အေလေလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၇ စီးဖြင့် မတူပီမြို့ကို ၁၅ ကြိမ်ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး Y12 လေယာဉ်ကနေလည်း ၃လုံးတွဲ၊ ၄ လုံးတွဲဗုံးတွေ ၈ ကြိမ်ခန့်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုမရှိမရှိနဲ့ ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့မေလ ၁၉ ရက်နေ့ကလည်း မတူပီမြို့ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ မွေးကင်းစ ၄ ရက်သားအရွယ်ကလေးငယ်တစ်ဦး ဗုံးလန့်ပြီး သေဆုံးခဲ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲတွေထိန်းချုပ်ထားတဲ့ ချင်းပြည်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက် လက်ဘက်ကို ယောဒေသကနေ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီး မင်းတပ်မြို့ နဲ့ မတူပီဘက်ကို တက်မလာသေးပေမယ့် ကန်ပက်လက်မြို့ဘက်မှာတော့ မြေပြင်တိုက်ပွဲတွေဖြစ်ပွားနေတာ ၅ ရက်ခန့်ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် ယောဒေသ ဆော၊ ကျောက်ထု နယ်ဘက်မှာလည်း အကြမ်းဖက်စစ်တပ်စစ်ကြောင်း နဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ကျော်ရှိလာပြီလို့သိရပါတယ်။



 
 
 

Comments


bottom of page