top of page

အကြမ်းဖက်စစ်အစိုးရ လူကယ်ပြန် ဒုဝန်ကြီး ဟားခါးမြို့ကိုရောက်ရှိနေ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 27
  • 1 min read

VOC/ May 27, 2026


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရ လူ/ကယ်/ပြန် ဒုဝန်ကြီး ဒေါက်တာ သန်းစိုး ဟားခါးမြို့ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိလာတယ်လို့စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရရဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့်အဖွဲ့ဝင် ၈ ဦးတို့ဟာ ကလေးမြို့ကနေ Mi-17 ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့ကို ယနေ့မနက်ပိုင်းက ရောက်ရှိလာကြတာလို့သိရပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ချင်းပြည် ဖလမ်း နဲ့ တွန်းဇံမြို့တို့ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့ကိုယ်တိုင် လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်လို့ပျက်စီးသွားတဲ့အဆောက်အဦ၊ ဌာနဆိုင်ရာတွေကို ပြန်လည် ထူထောင်ဖို့ဆိုပြီး နေပြည်တော်ကနေ အမည်ခံပြန်လည်ထူထောင်ရေးပစ္စည်းတချို့ကို ဒီရက်ပိုင်းအတွင်းပို့ ဆောင်ပေးနေပါတယ်။

အဲဒီပြန်လည်ထူထောင်ရေးပစ္စည်းတွေဟာ ကလေးမြို့ကနေ ဖလမ်းမြို့ဘက်ကိုရောက်ရှိလာပြီဖြစ်တာကြောင့် စစ်အစိုးရရဲ့ လူ/ကယ်/ပြန် ဒုဝန်ကြီးက ကွင်းဆင်းကြည့်ရှု့စစ်ဆေးမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးထံကနေသိရပါတယ်။



 
 
 

Comments


bottom of page