top of page

ယောဒေသ ရွာသာကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 26
  • 1 min read

VOC/ May 26, 2026


ချင်း-မကွေးအစပ် ယောဒေသကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်က ရွာသာကျေးရွာကို ယနေ့မနက်ပိုင်းမှာ မီးရှို့သွားတယ်လို့သိရပါတယ်။

တပြင်းကျေးရွာကနေ အင်အား ၃၀၀ ခန့်ဖြင့် ကျောက်ထုမြို့ဘက်ကို ရှေ့‌‌ပြေး

ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ မနေ့ညနေပိုင်းက ရွာသာကျေးရွာကိုရောက်ရှိခဲ့ပြီးနောက် ယနေ့မနက်ပိုင်းမှာ ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့ခဲ့တာဖြစ် ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ယာဉ်အစီးရေ ၃၀ အင်အား ၁၅၀၀ ခန့်ဖြင့် တပြင်းကျေးရွာကနေထွက်လာပြီး အဲဒီထဲက ရှေ့ပြေးအင်အား ၃၀၀ ခန့်ဟာ အကြည်ရွာ၊ နသိုးရွာ နဲ့ ရွာသာကျေးရွာဘက်ကို ရောက်လာကြတာလို့ ယောဒေသ စစ်ရေးအခြေအနေကို ပုံမှန်ဖော်ပြနေတဲ့ ယောအလင်း တန်းကဖော်ပြပါတယ်။

ကျောက်ထုကနေထွက်လာပြီး ငလွန်းကျေူရွာဘက်မှာ တပ်စွဲနေကြတဲ့ အကြမ်းဖက်စစ်တပ်အင်အား (၈၀)ခန့်ဟာ လည်း ငလွန်းကျေးရွာမှာ ရှိနေကြသေးသလို ကျောက်ပျဉ်းကျေးရွာဘက် တောင်ကုန်း၊ နသိုးဘုရားကုန်းတို့မှာ တပ်ဖြန့်ကာ ကင်းပုန်း၀တ်နေကြတယ်လို့ ယောအလင်းတန်းကဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးတပ်သားတွေဟာ တပ်ဖြန့်နေရာယူထားကြတာကြောင့် အနီးအနားကျေးရွာ မိဘပြည် သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြဖို့ နဲ့ စစ်ကြောင်းနဲ့ ဝေးရာနေရာတွေမှာသာ ပြောင်းရွေ့နေထိုင်ကြ ဖို့ အသိပေးထားပါတယ်။

ယခုလက်ရှိမှာလည်း ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့နယ်ထဲက ကျေးရွာပေါင်း ၁၉ ရွာက လူဦးရေတစ်သောင်း ကျော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ကြောင့် စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။


Video- Yaw Media



 
 
 

Comments


bottom of page