top of page


နမ့်ခမ်းမှာ TNLA သိုလှောင်ထားတဲ့ ယမ်းပျော့တွေပေါက်ကွဲလို့ လူ ၅၀ ကျော် သေဆုံး
VOC/ May 31, 2026 သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိုလှောင်ထားတဲ့ မိုင်းတွင်းသုံး ယမ်းပျော့များ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားကာ လူ ၅၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီဝန်ကျင်းမှာ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ မိုင်းတွင်းကျောက်ထုတ် လုပ်ရေး လုပ်ငန်းမှာ အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ TNLA က ထု
Jun 2


ပစိဖိတ်ဒေသက မူးယစ်ကုန်သည်လှေလို့ သံသယရှိသည့်လှေကို အမေရိကန်တိုက်ခိုက်(ရုပ်သံ)
VOC/ May 31, 2026 အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနမှ ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါးစစ်ဆင်ရေး ရုပ်သံဖိုင်တစ်ခုမှာ မူးယစ်ဆေးဝါးကုန်ကူးတယ်လို့ သံသယရှိတဲ့လှေကို အမေရိကန်တပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် မီးလောင်ပေါက်ကွဲတာကို မြင်တွေ့ရပါတယ်။ မေလ ၂၉ ရက်နေ့က အရှေ့ပစိဖိတ်ဒေသအတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ အမျိုးသားမူးယစ်ဆေးဝါးအကြမ်းဖက်သမား သုံးဦးသေဆုံးတယ်လို့ Southern Command က ကြေညာထားပါတယ်။ Source - Southern Command
Jun 2


သမ္မတ ထရမ့်ကို ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ဆရာဝန်က ညွှန်ကြား
VOC/ May 31, 2026 အမေရိကန်သမ္မတ ထရမ့် ရဲ့ မေလအတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုရလဒ်များကို အိမ်ဖြူတော်က သောကြာနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ လေ့ကျင့်ခန်းပိုလုပ်ဖို့ အကြံပြုထားတဲ့ ဆရာဝန်ရဲ့ မှတ်စုကို မျှဝေခဲ့ပါတယ်။ Trump ဟာ အရပ် ၆ ပေ ၃ လက်မမြင့်ပြီး ၂၃၈ ပေါင်အလေးချိန်ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ၂၂၄ ပေါင်သာ ရှိပါတယ်။ အိမ်ဖြူတော်ဆရာဝန် ဒေါက်တာDr. Sean Barbabella က “သမ္မတထရမ့်သည် နှလုံး၊ အဆုတ်၊ အာရုံကြောဆိုင်ရာနှင့်...
Jun 2


စင်ကာပူတွင် ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသရဲ့ ထိပ်တန်းကာကွယ်ရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ကာကွယ်ရေးတိုးမြှင့်ဖို့ အမေရိကန်အကြံပေး
VOC/ May 31, 2026 စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ဒေသတွင်း ထိပ်တန်းကာကွယ်ရေးဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲ ၂၀၂၆ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က အာရှမဟာမိတ်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ဖို့လိုကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ စင်ကာပူနိုင်ငံက ရှန်ဂရီလာ ဟိုတယ်မှာ မေလ ၂၉ ရက်ကနေ ၃၁ ရက်အထိ ကျင်းပမယ့် ၂၃ ကြိမ်မြောက် Shangri-La Dialogue ဆွေးနွေးပွဲကို ဝန်ကြီးအဆင့် ကိုယ်စားလှယ် ၅၄ ယောက် အပါအဝင် နိုင်ငံပေါင်း ၄
Jun 2


အကြမ်းဖက် စစ်ခေါင်းဆောင် သမ္မတရဲ့ ၅ ရက်တာ အိန္ဒိယခရီးစဉ် စတင်၊ ဗုဒ္ဓဂါယာကို ပထမဆုံး သွားရောက်ဖူးမြော်
VOC/ May 31, 2026 အာဏာသိမ်းအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ မေလ ၃၀ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်တစ်ခု သွားရောက်နေပါတယ်။ ဒါဟာ သူ လက်ရှိ သမ္မတရာထူးကို တရားဝင်ရယူပြီးနောက်ပိုင်းမှာ အိန္ဒိယကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ လွှတ်တော်ဝန်ကြီးများ၊ အစိုးရအဆင့်မြင့်အရာရှိကြီးများနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်းလိ
Jun 2


UFC ကမ္ဘာ့ ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma ဂုဏ်ပြုအမှာ စကားပြောကြား
VOC/ May 30 2026 မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ R.Dengthuama ခန်းမမှာ ဒီကနေ့ မေလ ၃၀ ရက်ညမှာ Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းကျင်းပတဲ့ MISMA Fight Night မှာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van က အထူးဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ညအခမ်းအနားမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ လည်း တက်ရောက်လာခဲ့ကြပြီး ဝန်ကြီးချုပ် Pu Lalduhoma က Joshua
Jun 2


PSG အသင်း UEFA ချန်ပီယံလိဂ် အောင်ပွဲခံရာမှ ရုန်းရင်းဆန်ခတ်မှု များဖြစ်ပွား၊ လူပေါင်း ၁၃၀ ကျော် ဖမ်းဆီးခံရ
VOC/ 30 May 2026 PSG အသင်းရဲ့ သမိုင်းဝင်အောင်ပွဲခံမှုဟာ ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်မှာ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ဖျက်ဆီးမှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ယှဥ်ပြိုင်ကစားခဲ့တဲ့ UEFA ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ PSG အသင်းမှ အာစင်နယ်အသင်းအား ပယ်နယ်တီဖြင့်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို နှစ်နှစ်ဆက်တိုက်ရရှိသွားခဲ့ပါတယ်။ ပြင်သစ်အာဏာပိုင်တွေအနေနဲ့ အောင်ပွဲခံအပြီး မငြိမ်မသက်မှုတွေ
Jun 2


PSG က ဉရောပ ချန်ပီယံလိဂ်ဆုဖလားကို နှစ်နှစ်ဆက်တိုက်ရရှိ
VOC/ 30 May 2026 ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ယှဥ်ပြိုင်ကစားခဲ့တဲ့ ဥရောပဘောလုံးလောကရဲ့ အမြင့်ဆုံးကလပ်ပြိုင်ပွဲဖြစ်တဲ့ UEFA Champions League ဖလားကို PSG အသင်းက ဆွတ်ခူးခဲ့ပါတယ်။ UEFA ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ PSG အသင်းမှ အာစင်နယ်အသင်းအား ပယ်နယ်တီဖြင့်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို နှစ်နှစ်ဆက်တိုက်ရရှိသွားခဲ့ပါတယ်။ မိနစ် ၁၂၀ ကစားအပြီးတွင် နှစ်သင်းစလုံး တစ်ဖက် တစ်ဂိုးစီ (၁-၁) ဖြင့် သရေကျနေခဲ့ပါတယ်။ ပွဲအစစောစောပိုင်းတွင် ကိုင် ဟာ
Jun 2


UFC ကမ္ဘာ့ ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို မီဇိုရမ်က ခမ်းခမ်းနားနားဖြင့် ဂုဏ်ပြု
VOC/ May 30, 2026 အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ R.Dengthuama ခန်းမမှာ ဒီကနေ့ မေလ ၃၀ ရက်ညမှာ Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းကျင်းပတဲ့ MISMA Fight Night မှာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို ခမ်းခမ်းနားနားဖြင့် ဂုဏ်ပြုခဲ့ကြတာတွေ့ရပါတယ်။ ဒီကနေ့ညအခမ်းအနားမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မီဇိုရမ်မှာအခြေစိုက်ကြတဲ့ ချင
Jun 2


အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ လည်း တက်ရောက်လာခဲ့ကြပြီး ဝန်ကြီးချုပ် Pu Lalduhoma က Joshua Van နဲ့ ပတ်သက်ပြီး ဂုဏ်ပြုစကားပြောဆို
ဒီကနေ့ညအခမ်းအနားမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ လည်း တက်ရောက်လာခဲ့ကြပြီး ဝန်ကြီးချုပ် Pu Lalduhoma က Joshua Van နဲ့ ပတ်သက်ပြီး ဂုဏ်ပြုစကားပြောဆို ခဲ့တာဖြစ်ပါတယ်။ “ နယ်စည်းမခြား အောင်ပွဲနဲ့ သွေးချင်းတို့ရဲ့ စည်းလုံးညီညွတ်မှု" ယနေ့အခါသမယဟာ ကျွန်တော်နဲ့တကွ မီဇိုရမ် ပြည်သူပြည်သားအားလုံးအတွက် အရှေ့တောင်အာရှဖွား ပထမဆုံး ယူအက်ဖ်စီ (UFC) ချန်ပီယံအဖြစ် သမိုင်းစိုက်ထူနိုင်ခဲ့တဲ့ တိုက်ခိုက်ရေးသမား "The Fearless" Joshu
Jun 2


နယူးဂျာစီ ICE ထိန်းသိမ်းရေးစခန်းအနီး လွတ်လပ်စွာ ဆန္ဒပြရန် ငြိမ်းချမ်းစွာဆန္ဒပြဇုန် သတ်မှတ်
VOC/ May 30, 2026 နယူးဂျာစီပြည်နယ်၊ Newark မြို့က Delaney Hall လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) ထိန်းသိမ်းရေးစခန်းအပြင်မှာ ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရပြီးနောက် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Mikie Sherrill က စခန်းပြင်ပမှာ"ငြိမ်းချမ်းစွာဆန္ဒပြနိုင်မည့် အကာအကွယ်ပေးထားသောဇုန်" တစ်ခုကို သတ်မှတ်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။ အဆိုပါ ထိန်းသိမ်းရေးစခန်းအတွင်းမှာ လူမဆန်တဲ့အခြေအနေများနဲ
May 30


UFC ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် Sihhmui Camp မှာရှိတဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ ကို တွေ့ဆုံ အားပေး စကားမျှဝေခဲ့ပါတယ်။
ချင်းဖိုက်တာ Joshua Van ဟာ ဒီကနေ့ မေလ ၂၈ ရက် မွန်းလွဲပိုင်း ၂ နာရီမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကို ရောက်ရှိလာပြီးနောက် လေဆိပ်ကနေ ပြည်နယ်ရဲ့မြို့နယ်တော် အိုင်ဇောလ်မြို့ကို ဆက်လက်ထွက်ခွါရာပြီး၊ Sihhmui ကျေးရွာကိုလာ ရောက် နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Video: Aye Khin Maung #joshuavan #voiceofchinland #joshuathefearlessvan
May 29


မင်းဘူး-အမ်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ထောက်ပို့ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်တဲ့ ရုပ်သံ
VOC/ May 29, 2026 မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ကားတစ်စီးကို မေလ ၂၈ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်ဆွဲတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲ ယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူး မြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ CDF-Asho ရဲ့ထုတ်ပြန်ခ
May 29


Jay Shetty ရဲ့ Podcast ကို Spotify နဲ့ Netflix မှာ သီးသန့်ထုတ်လွှင့်ခွင့်ရဖို့ ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ချုပ် ဟုဆို
VOC/ May 29, 2026 စိတ်ပိုင်းဆိုင်ရာအားဖြည့်စကားတွေ ပြောဆိုတဲ့ podcaster တစ်ဦးဖြစ်တဲ့ Jay Shetty ရဲ့ “On Purpose” podcast အစီအစဉ်ကို Spotify နဲ့ Netflix တို့က ပူးတွဲသီးသန့်ထုတ်လွှင့်ခွင့်ရယူဖို့ နှစ်ရှည်စာချုပ်တစ်ခု ချုပ်ဆိုလိုက်ပြီး စာချုပ်တန်ဖိုးဟာ အများဆုံး အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိရှိနိုင်တယ်လို့ Bloomberg က ဖော်ပြပါတယ်။ ဟိန္ဒူဘုန်းတော်ကြီးဘဝကနေ self-help podcaster အဖြစ် ပြောင်းလဲလာတဲ့ Jay Shetty ရဲ့ “On Purpose” show ဟာ ဇူလိုင် ၁၃ ရက်ကစပြီး Spotify နဲ့ Netflix ပေါ်မှာသာ
May 29


UFC ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က သူ၏ ရုံးခန်းတွင် ယနေ့ မေလ (၂၉)ရက်မှာလက်ခံတွေ့ဆုံဂုဏ်ပြုခဲ့ပါတယ်။
အဆိုပါ ဝန်ကြီးချုပ်နဲ့ ဂျိုရှုအာဗန်တို့ တွေ့ဆုံပွဲကို အားကစားဝန်ကြီး Lalnghinglova Hmar၊ လက်ထောက်ဗိုလ်မှူးကြီး Lt. Col. Clement Lalhmingthanga နဲ့ လွှတ်တော်အမတ်အချို့လည်း တက်ရောက်ခဲ့ကြပါတယ်။ Video credit- Explore Mizoram #joshuavan #voiceofchinland #joshuathefearlessvan Joshua “The Fearless” Van
May 29


UFC ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ ဒီကနေ့မွန်းလွဲပိုင်း ၂ နာရီမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကို ရောက်ရှိလာ
UFC ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ ဒီကနေ့မွန်းလွဲပိုင်း ၂ နာရီမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကို ရောက်ရှိလာပြီးနောက် လေဆိပ်ကနေ ပြည်နယ်ရဲ့မြို့နယ်တော် အိုင်ဇောလ်မြို့ကို ဆက်လက်ထွက်ခွါရာမှာ Sihhmui ကျေးရွာမှာရှိတဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတဲ့မြင်ကွင်းဖြစ်ပါတယ်။ #joshuavan #joshuathefearlessvan #voiceofchinland Joshua “The Fearless” Van
May 29


ချင်းနဲ့မီဇိုဟာ တသွေးတသားတည်းဖြစ်ပြီး မိမိက လူမျိုးနှစ်ခုလုံးကို ကိုယ်စားပြုကြောင်း Joshua Van ပြောကြားUFC Flyweight Champion Joshua Van Thanks Fans in Mizo Ram, Says “Mizo and Chin Are One”
VOC/ May 29, 2026 အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ မိမိကို အားပေးထောက်ခံတဲ့ မီဇိုရမ်ဒေသခံတွေကို Joshua Van က ကျေးဇူးတင်ကြောင်းနဲ့ မီဇိုနဲ့ ချင်းများဟာ တစ်သွေးတစ်သားတည်းဖြစ်တယ်လို့ ထည့်သွင်းပြောဆိုလိုက်ပါတယ်။ ပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာ UFC Flyweight ချန်ပီယံ Joshua Van က ပထမဆုံးအနေနဲ့ ဘုရားသခင်နှင့် ယေရှုခရစ်တော်ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီးနောက် မီဇိုနဲ့ ချင်းလူမျိုးတွေက တစ်သွေးတည်း တစ်သားတည်းဖြစ်ပြီး မိမိအနေဖြင့် လူမျိုးစုနှစ်ခုလုံးကို ဂုဏ်ယူစွ
May 29


ရက် ၆၀ အပစ်အခတ်ရပ်သက်တမ်းတိုး သဘောတူညီမှုကို ထရမ့်ခွင့်ပြုချက်ရဖို့ နှစ်ဘက်ညှိနှိုင်းရေးမှူးများ စောင့်ဆိုင်း
VOC/ May 29, 2026 အမေရိကန်နဲ့ အီရန် ညှိနှိုင်းရေးမှူးတွေဟာ လက်ရှိအပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ သက်တမ်းတိုးမယ့် သဘောတူညီမှုရရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ ဒီကာလအတွင်းမှာ နှစ်ဖက်စလုံးက အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သတ်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ကို အမေရိကန်သမ္မတ Donald Trump က ခွင့်ပြုပြီး လက်မှတ်ထိုးဖို့တော့ လိုနေကြောင်း သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။ အိမ်ဖြူတော်မှ အတည်ပြုထားတဲ့ Axios သတင်းမှာ Trump က ဆုံးဖြတ်ချက်မချခင်စဉ်းစားဖို့..
May 29


မင်းဘူး-အမ်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ထောက်ပို့ယာဉ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၆ ဦးသေ၊ ၃ ဦးဖမ်းမိ
VOC/ May 29, 2026 မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ကားတစ်စီးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်ဆွဲတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲ ယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် ပါတယ်။ မနေ့ မေလ ၂၈ ရက်နေ့က မင်းဘူး-အမ်း လမ်းပိုင်းပေါ် တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ယာဉ်တစ်စီးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်း
May 29


UFC ကမ္ဘာ့ချန်ပီယံ Joshua Van မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ၊ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြ
VOC/ May 29, 2026 UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကို ယနေ့ မေလ ၂၉ ရက် သောကြာနေ့မွန်းလွဲပိုင်း ၂ နာရီခန့်မှာ ရောက်လာရှိလာပြီလို့သိရပါတယ်။ Joshua Van ကို Lengpui လေဆိပ်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Clement Lalhmingthanga နဲ့ Mizoram Mix Martial Art Association မှတာဝန်ရှိသူတွေအပါအဝင် ပြည်သူအမြောက်အများက ဝမ်းမြောက်စွာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ချင်းဖိုက်တာ Joshua Van ဟ
May 29
bottom of page