top of page

မင်းဘူး-အမ်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ထောက်ပို့ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်တဲ့ ရုပ်သံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 29, 2026


မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ကားတစ်စီးကို မေလ ၂၈ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်ဆွဲတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲ ယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူး မြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

CDF-Asho ရဲ့ထုတ်ပြန်ချက်အရ ကျောက်ပန်းတောင်းမြို့နယ်အခြေစိုက် အမှတ် (၁) ဒုံးစစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ် (ဒစခ-၁) လက်အောက်ခံ (ဒတရ-၆၀၉) နဲ့ (ခမရ -၅၆၆) မှ ပဒါန်းတပ်နယ် (အမတ-၄၀၉) သို့ ထွက်လာတဲ့ ခဲယမ်း ထောက်ပို့ယာဉ်ကို မင်းဘူးမြို့နယ် ဇီးအိုင်ရွာအနီး မင်းဘူး-အမ်းလမ်းမပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက မိုင်ဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။



 
 
 

Comments


bottom of page