top of page

UFC ကမ္ဘာ့ချန်ပီယံ Joshua Van မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ၊ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 29, 2026


UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကို ယနေ့ မေလ ၂၉ ရက် သောကြာနေ့မွန်းလွဲပိုင်း ၂ နာရီခန့်မှာ ရောက်လာရှိလာပြီလို့သိရပါတယ်။

Joshua Van ကို Lengpui လေဆိပ်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Clement Lalhmingthanga နဲ့ Mizoram Mix Martial Art Association မှတာဝန်ရှိသူတွေအပါအဝင် ပြည်သူအမြောက်အများက ဝမ်းမြောက်စွာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ချင်းဖိုက်တာ Joshua Van ဟာ မနက်ဖြန်မေလ ၃၀ ရက်ညမှာ Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းပြီး Mualpui ရပ်ကွက်၊ R.Dengthuama ခန်းမမှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ အထူးဧည်သည်တော် အဖြစ် တက်ရောက်မှာဖြစ်ပါတယ်။




 
 
 

Comments


bottom of page