နမ့်ခမ်းမှာ TNLA သိုလှောင်ထားတဲ့ ယမ်းပျော့တွေပေါက်ကွဲလို့ လူ ၅၀ ကျော် သေဆုံး
- thevoiceofchinland
- Jun 2
- 1 min read
VOC/ May 31, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိုလှောင်ထားတဲ့ မိုင်းတွင်းသုံး ယမ်းပျော့များ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားကာ လူ ၅၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီဝန်ကျင်းမှာ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ မိုင်းတွင်းကျောက်ထုတ် လုပ်ရေး လုပ်ငန်းမှာ အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ TNLA က ထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂၅ ဦးနှင့် အမျိုးသား ၃၀ ဦး စုစုပေါင်း ၅၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူ ၇၀ ဦးကျော်အထိရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူတွေကို ကိုးကားပြီး သျှမ်းသံတော် ဆင့်သတင်းဌာနကဖော်ပြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ဘက်တော့ သေဆုံးမှုဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ပြန်ခြင်းမရှိသေးဘဲ သေဆုံးသူ များ နဲ့ ဒဏ်ရာရရှိသူတွေအတွက် များစွာစိတ်မကောင်းဝမ်းနည်းကြောင်းဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့ယမ်းပျော့တွေဟာ TNLA စီးပွားရေးဌာနက မိုင်းတွင်းကျောက်ထုတ်လုပ်ရေးမှာအသုံးပြုဖို့ သိုလှောင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
Video - Royal Kachin




Comments