top of page

PSG အသင်း UEFA ချန်ပီယံ​လိဂ်​ အောင်ပွဲခံရာမှ ရုန်းရင်းဆန်ခတ်မှု များဖြစ်ပွား၊ လူပေါင်း ၁၃၀ ကျော် ဖမ်းဆီးခံရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

VOC/ 30 May 2026


PSG အသင်းရဲ့ သမိုင်းဝင်အောင်ပွဲခံမှုဟာ ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်မှာ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ဖျက်ဆီးမှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ယှဥ်ပြိုင်​ကစားခဲ့တဲ့ UEFA ချန်ပီယံ​လိဂ်​နောက်ဆုံး​ဗိုလ်​လု​ပွဲတွင်​ လက်ရှိ​ချန်ပီယံ​ PSG​ အသင်းမှ​ အာစင်နယ်​အသင်းအား​ ပယ်နယ်​တီဖြင့်အနိုင်ယူပြီး ချန်ပီယံ​လိဂ်​ဆုဖလား​ကို​ နှစ်နှစ်ဆက်တိုက်ရရှိသွားခဲ့ပါတယ်။

ပြင်သစ်အာဏာပိုင်တွေအနေနဲ့ အောင်ပွဲခံအပြီး မငြိမ်မသက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဲတပ်ဖွဲ့ဝင် ၂၂,၀၀၀ (ပဲရစ်မြို့မှာတင် ၈,၀၀၀ ကျော်) အထိ အင်အားဖြည့်ချထားခဲ့တာပါ။

အားပေးထောက်ခံသူတွေဟာ လမ်းမတွေပေါ်ကို အလုံးအရင်းနဲ့ ထွက်လာခဲ့ကြပြီး မီးရှူးမီးပန်းတွေနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ရှန်ဇေလီဇေး (Champs-Élysées) လမ်းမကြီးအနီးမှာ ဘတ်စကားမှတ်တိုင်တစ်ခု ပျက်စီးခဲ့သလို မော်တော်ယာဉ်တွေနဲ့ ဆိုင်ခန်းတချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ မီးရှူးမီးပန်းနဲ့ မီးလက်နက် ဒါဇင်ပေါင်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

PSG အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ပတ်ဒရက်စ်ပရင့်စ် (Parc des Princes) အားကစားကွင်းအနီးမှာလည်း ပရိသတ်ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေကို မီးရှူးမီးပန်းတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ကွင်းအတွင်းကို အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးပမ်းသူ လူ ၁၅၀ ခန့်ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ သုံးခဲ့ရပါတယ်။

ဒီလိုမငြိမ်မသက်မှုတွေ ရှိခဲ့ပေမယ့်လည်း ပဲရစ်မြို့တစ်ဝန်းမှာတော့ ထောင်သောင်းချီတဲ့ အားပေးသူပရိသတ်တွေဟာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး PSG အသင်းရဲ့ အောင်ပွဲကို ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။


Source: Reuters, France



 
 
 

Comments


bottom of page