စင်ကာပူတွင် ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသရဲ့ ထိပ်တန်းကာကွယ်ရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ကာကွယ်ရေးတိုးမြှင့်ဖို့ အမေရိကန်အကြံပေး
- thevoiceofchinland
- Jun 2
- 1 min read
VOC/ May 31, 2026
စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ဒေသတွင်း ထိပ်တန်းကာကွယ်ရေးဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲ ၂၀၂၆ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က အာရှမဟာမိတ်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ဖို့လိုကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
စင်ကာပူနိုင်ငံက ရှန်ဂရီလာ ဟိုတယ်မှာ မေလ ၂၉ ရက်ကနေ ၃၁ ရက်အထိ ကျင်းပမယ့် ၂၃ ကြိမ်မြောက် Shangri-La Dialogue ဆွေးနွေးပွဲကို ဝန်ကြီးအဆင့် ကိုယ်စားလှယ် ၅၄ ယောက် အပါအဝင် နိုင်ငံပေါင်း ၄၄ နိုင်ငံက ကိုယ်စားလှယ် ၅၅၀ ဝန်းကျင် တက်ရောက်နေကြပါတယ်။
စနေနေ့က ကျင်းပတဲ့ ဒီဖိုရမ်မှာ Hegseth က အမေရိကန်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ တရုတ်အကြောင်းနဲ့ အီရန်၊ NATO တပ်ဖွဲ့၊ ထိုင်ဝမ်တို့ရဲ့အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီဖိုရမ်ကို တရုတ်ကာကွယ်ရေးဝန်ကြီး တက်ရောက်ခြင်း မရှိပေ။
တရုတ်ကို အမေရိကန်က အကြီးမားဆုံး ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပြီး အာရှပစိဖိတ်ဒေသတွင် တရုတ် စစ်ရေးအင်အား တိုးပွားလာခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း Hegseth က ပြောဆိုပါတယ်။
“တရုတ်ရဲ့ သမိုင်းဝင် စစ်ရေးတည်ဆောက်မှုနဲ့ ဒေသတွင်းနဲ့ ပြင်ပက စစ်ရေးလှုပ်ရှားမှုတွေတိုးချဲ့လာခြင်းနဲ့ပတ်သတ်လို့ စိုးရိမ်တာအမှန်ပါပဲ" လို့ သူက ဆိုပြီး ဒေသတွင်း မဟာမိတ်နိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ ကြီးထွားလာတဲ့စစ်ရေးအာဏာကို တန်ပြန်ဖို့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သတ်ပြီး အခုလ အစောပိုင်းမှာ အမေရိကန်သမ္မတ Donald Trump က တရုတ်ကို သွားရောက်ပြီးနောက်မှာ သမ္မတ Trump က ထိုင်ဝမ်ကို တရားဝင်လွတ်လပ်ရေးမကြေညာဖို့ သတိပေးခဲ့ပေမယ့် Hegseth က "အဲဒီဆုံးဖြတ်ချက်တွေဟာ သမ္မတနဲ့ အဲဒီဆက်ဆံရေးရဲ့ သဘောသဘာဝပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အနေအထားမှာ ဘာမှပြောင်းလဲမှုမရှိပါဘူး" လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဥရောပနိုင်ငံတွေကို အကာအကွယ်ပေးမှုကို လျှော့ချမယ်လို့ Trump က ပြောဆိုခဲ့တဲ့စကားနဲ့ပတ်သတ်ပြီး “အမေရိကန်ပြည်ထောင်စုသည် ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကာကွယ်ရေးကို ထောက်ပံ့သည့် ခေတ်ကုန်ဆုံးသွားပြီ” လို့ Hegseth က ပြောဆိုလိုက်ပြီး " ကျွန်တော်တို့လိုနေတာ မိတ်ဖက်ပါ၊ ကာကွယ်စောင့်ရှောက်ရမယ့်သူတွေမဟုတ်ပါဘူး။" လို့ ပြောဆိုသွားပါတယ်။
Source - Al Jazeera, CNA




Comments