top of page

သမ္မတ ထရမ့်ကို ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ဆရာဝန်က ညွှန်ကြား

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

VOC/ May 31, 2026


အမေရိကန်သမ္မတ ထရမ့် ရဲ့ မေလအတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုရလဒ်များကို အိမ်ဖြူတော်က သောကြာနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ လေ့ကျင့်ခန်းပိုလုပ်ဖို့ အကြံပြုထားတဲ့ ဆရာဝန်ရဲ့ မှတ်စုကို မျှဝေခဲ့ပါတယ်။

Trump ဟာ အရပ် ၆ ပေ ၃ လက်မမြင့်ပြီး ၂၃၈ ပေါင်အလေးချိန်ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ၂၂၄ ပေါင်သာ ရှိပါတယ်။

အိမ်ဖြူတော်ဆရာဝန် ဒေါက်တာDr. Sean Barbabella က “သမ္မတထရမ့်သည် နှလုံး၊ အဆုတ်၊ အာရုံကြောဆိုင်ရာနှင့် အလုံးစုံရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကို ခိုင်မာစွာပြသနေပြီး ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်သည်” လို့ ဆေးဘက်ဆိုင်ရာ မှတ်စုရေးထားပြီး “သိမြင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များသည် အလွန်ကောင်းမွန်ပါသည်။ သူသည် စစ်ဦးစီးချုပ်နှင့် နိုင်ငံတော်အကြီးအကဲ၏ တာဝန်အားလုံးကို ထမ်းဆောင်ရန် အပြည့်အဝကြံ့ခိုင်နေပါသည်။” လို့ မှတ်ချက်ပေးထားပါတယ်။

ဒါ့အပြင် Dr. Sean Barbabella က “စစ်ဆေးမှုအတွင်း အစားအသောက်ဆိုင်ရာ လမ်းညွှန်မှု၊ အက်စပရင်ဆေးပမာဏနည်းစွာသောက်သုံးရန် အကြံပြုချက်၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတိုးမြှင့်ခြင်းနှင့် ကိုယ်အလေးချိန်ဆက်လက်လျှော့ချခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ခဲ့သည်” လို့လည်း ရေးထားပါတယ်။

အဲဒီမှတ်တမ်းအရ ထရန့်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၇၃ ကြိမ်ရှိပြီး၊ နှလုံးကျန်းမာရေး အသက်သက်တမ်းကတော့ သူ့ရဲ့ တကယ့်အသက်ထက် ၁၄ နှစ်လောက် ပိုနုပျိုနေတယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့နှစ်က အသက်အကြီးဆုံးသမ္မတဖြစ်လာခဲ့တဲ့ Trump ဟာ အင်္ဂါနေ့က Walter Reed အမျိုးသားစစ်ဘက်ဆေးဘက်ဆိုင်ရာစင်တာကို သွားရောက်ခဲ့ပြီး တတိယအကြိမ်မြောက် ဆေးစစ်မှုခံယူခဲ့ပါတယ်။


Source - White House



 
 
 

Comments


bottom of page