UFC ကမ္ဘာ့ ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို မီဇိုရမ်က ခမ်းခမ်းနားနားဖြင့် ဂုဏ်ပြု
- thevoiceofchinland
- Jun 2
- 1 min read
VOC/ May 30, 2026
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ R.Dengthuama ခန်းမမှာ ဒီကနေ့ မေလ ၃၀ ရက်ညမှာ Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းကျင်းပတဲ့ MISMA Fight Night မှာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို ခမ်းခမ်းနားနားဖြင့် ဂုဏ်ပြုခဲ့ကြတာတွေ့ရပါတယ်။
ဒီကနေ့ညအခမ်းအနားမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မီဇိုရမ်မှာအခြေစိုက်ကြတဲ့ ချင်းအဖွဲ့အစည်းများ နှင့် ပြည်သူလူထုတစ်ထောင်ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Video credit- Zonet




Comments