top of page

နယူးဂျာစီ ICE ထိန်းသိမ်းရေးစခန်းအနီး လွတ်လပ်စွာ ဆန္ဒပြရန် ငြိမ်းချမ်းစွာဆန္ဒပြဇုန် သတ်မှတ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 30
  • 1 min read

VOC/ May 30, 2026


နယူးဂျာစီပြည်နယ်၊ Newark မြို့က Delaney Hall လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) ထိန်းသိမ်းရေးစခန်းအပြင်မှာ ဆန္ဒပြသူ‌များနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရပြီးနောက် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Mikie Sherrill က စခန်းပြင်ပမှာ"ငြိမ်းချမ်းစွာဆန္ဒပြနိုင်မည့် အကာအကွယ်ပေးထားသောဇုန်" တစ်ခုကို သတ်မှတ်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။

အဆိုပါ ထိန်းသိမ်းရေးစခန်းအတွင်းမှာ လူမဆန်တဲ့အခြေအနေများနဲ့ အကျဉ်းသားကို အကြမ်းဖက်မှုများရှိနေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေပြီး အမိမြေလုံခြုံရေးဌာနက DHS က ငြင်းဆိုထားပါတယ်။

အုပ်ချုပ်ရေးမှူး Sherrill က စခန်းကို ပိတ်ပစ်ဖို့ ထပ်ပြီး တောင်းဆိုထားပြီး၊ စခန်းအတွင်း ဝင်ရောက်စစ်ဆေးခွင့်ကိုလည်း ရက်ပေါင်းများစွာ ပိတ်ပင်ခံထားရတယ်လို့ ဆိုပါတယ်။

 ဖယ်ဒရယ်ရဲတပ်ဖွဲ့ဝင်များကိုလည်း တင်းမာမှုများလျှောချပြီး လူသားဆန်ဆန် ဆောင်ရွက်ဖို့ တိုက်တွန်းထားသလို၊ ဆန္ဒပြသူများကိုလည်း ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ Sherrill က တိုက်တွန်းထားပါတယ်။

အုပ်ချုပ်ရေးမှူး Sherrill “ငြိမ်းချမ်းစွာ” ဆန္ဒပြနိုင်မည့်ဇုန်တစ်ခု သတ်မှတ်ပေးရန် ကြိုးပမ်းခဲ့သော်လည်း သောကြာနေ့ညက ဒီလာနီဟော (Delaney Hall) ထိန်းသိမ်းရေးစခန်းအပြင်ဘက်တွင် ICE ကို ဆန့်ကျင်သူများနှင့် အေးဂျင့်များအကြား ရုန်းရင်းဆန်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီး အခြေအနေများ ပြန်လည်ရှုပ်ထွေးနေပါတယ်။


Source - ABC News



 
 
 

Comments


bottom of page