Jay Shetty ရဲ့ Podcast ကို Spotify နဲ့ Netflix မှာ သီးသန့်ထုတ်လွှင့်ခွင့်ရဖို့ ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ချုပ် ဟုဆို
- thevoiceofchinland
- May 29
- 1 min read
VOC/ May 29, 2026
စိတ်ပိုင်းဆိုင်ရာအားဖြည့်စကားတွေ ပြောဆိုတဲ့ podcaster တစ်ဦးဖြစ်တဲ့ Jay Shetty ရဲ့ “On Purpose” podcast အစီအစဉ်ကို Spotify နဲ့ Netflix တို့က ပူးတွဲသီးသန့်ထုတ်လွှင့်ခွင့်ရယူဖို့ နှစ်ရှည်စာချုပ်တစ်ခု ချုပ်ဆိုလိုက်ပြီး စာချုပ်တန်ဖိုးဟာ အများဆုံး အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိရှိနိုင်တယ်လို့ Bloomberg က ဖော်ပြပါတယ်။
ဟိန္ဒူဘုန်းတော်ကြီးဘဝကနေ self-help podcaster အဖြစ် ပြောင်းလဲလာတဲ့ Jay Shetty ရဲ့ “On Purpose” show ဟာ ဇူလိုင် ၁၃ ရက်ကစပြီး Spotify နဲ့ Netflix ပေါ်မှာသာ ဗီဒီယိုအပြည့်အစုံကို သီးသန့်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
YouTube နဲ့ အခြား platform တွေပေါ်မှာတော့ episode အဟောင်းတွေ၊ promotional clip တွေသာ ဆက်ရှိနေမှာဖြစ်ပြီး episode အသစ်တွေကိုတော့ Spotify နဲ့ Netflix မှာပဲ ကြည့်ရှုနိုင်တော့မှာပါ။
Spotify နဲ့ Netflix နှစ်ခု ပူးပေါင်းပြီး creator တစ်ဦးတည်းကို စာချုပ်ချုပ်ဆိုတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ Spotify က podcast ကြော်ငြာရောင်းချမှုကို တာဝန်ယူသွားမှာဖြစ်ပြီး Netflix နဲ့ Spotify နှစ်ဖက်စလုံးက စာချုပ်ရှိကြောင်း အတည်ပြုပေမယ့် ငွေကြေးအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒီစာချုပ်ကြောင့် Jay Shetty ဟာ Spotify နဲ့ ဒေါ်လာ သန်း ၂၅၀ တန် စာချုပ်ချုပ်ခဲ့တဲ့ Joe Rogan၊ SiriusXM နဲ့ ဒေါ်လာ သန်း ၁၂၅ တန် သဘောတူညီမှုရခဲ့တဲ့ Alex Cooper တို့နဲ့ တန်းတူ အဆင့်မြင့် podcast creator စာရင်းဝင်လာပါတယ်။
Spotify နဲ့ Netflix တို့ဟာ အရင်ကတည်းက podcast ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိထားပြီး Spotify ရဲ့ podcast အစီအစဉ်အချို့ကို Netflix ပေါ်မှာ တင်ဆက်ခဲ့ဖူးပါတယ်။ Netflix ရဲ့ co-CEO ဖြစ်သူ Ted Sarandos ကလည်း Spotify Board အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။
Source - Forbes, Bloomberg




Comments