top of page


မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ်ခန့်အပ်ထားတဲ့ ခရိုနီ ကိုကိုလတ်ကို အိုက်စလန်နိုင်ငံက ရာထူးပြန်ရုပ်သိမ်း
VOC/ May 29, 2026 အိုက်စလန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားတဲ့ ခရိုနီ ကိုကိုလတ်ကို ရာထူးကနေ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ Justice for Myanmar က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ မြန်မာခရိုနီ ကိုကိုလတ်ဟာ အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို ၁၁ ပတ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်မှာ မိမိဆန္ဒအလျောက် နုတ်ထွက် စာတင်ခဲ့ပြီး၊ မေလ ၁၅ ရက်နေ့က တရားဝင် ရုပ်သိမ်းလိုက်တယ်လို့...
May 29


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ Proof of Life တောင်းဆိုမှု ပြုလုပ်ကြဖို့ သားဖြစ်သူ ကိုထိန်လင်း တိုက်တွန်း
VOC/ May 29, 2026 အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ Proof of Life တောင်းဆိုမှုတွေ ပြုလုပ်ကြဖို့ သားဖြစ်သူ ကိုထိန်လင်း က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ယခုလာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပြီး သက်ရှိထင်ရှားရှိနေကြောင်းပြသဖို့ တောင်းဆိုတဲ့အနေနဲ့ ခြေလှမ်း ၈၁၀၀၀ ၊ ကီလိုမီတာ ၈၁ ပြေးတာ နဲ့ မို
May 29


မင်းကင်း ပအဖ နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF တို့ သဘောတူညီချက်ရ
VOC/ May 29, 2026 စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF တို့ ဟာ မေလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ရရှိခဲ့ကြတယ်လို့သိရပါတယ်။ မနေ့ မေလ ၂၈ ရက်နေ့က မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်း ကတာဝန်ရှိသူတွေနဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဥက္ကဌ ကိုစံတင်ထွန်းပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေး ဌာနတာဝန်ခံတို့ မြေပြင်တနေရာမှာတွေ့ဆုံခဲကြပြီး အချက် ၃ ချ
May 29


Blue Origin ကုမ္ပဏီရဲ့ Glenn LN-01 ဒုံးပျံဟာ မလွှတ်တင်ခင် ပြင်းထန်စွာပေါက်ကွဲ
VOC / 28 May 2026 အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Cape Canaveral အာကာသလွှတ်တင်ရေးစခန်းမှာ Blue Origin ကုမ္ပဏီရဲ့ Glenn LN-01 ဒုံးပျံကို လွှတ်တင်ဖို့ ကြိုးစားနေချိန် မလွှတ်တင်ခင် အရှိန်ပြင်းထန်စွာ ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်က ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဒုံးပျံနဲ့အတူ Amazon ရဲ့ အင်တာနက်ဂြိုဟ်တုတွေကို ကမ္ဘာ့ပတ်လမ်းကြောင်းထဲ လွှတ်တင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပေါက်ကွဲမှုက တော်တော်လေး ပြင်းထန်တာကြောင့် ကောင်းကင်မှာ မှိုပွင့်ပု
May 29


ကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ အသက် ၅၅ နှစ်ပြည့် မွေးနေ့ကို အိမ်ဖြူတော်တွင် ကျင်းပ
VOC/ May 28 2026 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ မွေးနေ့ကို မေလ ၂၈ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့အတူ အိမ်ဖြူတော်တွင် ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ၇၂ ယောက်မြောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အဖြစ်ရော၊ ယာယီ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (acting National Security Advisor) အဖြစ်ပါ တာဝန်ယူ ဆောင်ရွက်နေတဲ့ Rubio ဟာ မေလ ၂၈ ရက်မှာ အသက် ၅၅ နှစ်ပြည့်တာ ဖြစ်ပါတယ်။ ရာထူးနေရာ အများအပြားကို တစ်ပြိုင်နက် ကိုင်တွယ်ထားရတဲ
May 29


CDF-Hakha ဒုဥက္ကဌဟောင်း ဆလိုင်းဆန်လိန်းသေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာနှင့် တရားမျှတစွာ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ဆောင်ရွက်မယ်လို့ CDF-Hakha ဗ
VOC/ May 28, 2026 CDF-Hakha ဒုဥက္ကဌဟောင်း ဆလိုင်းဆန်လိန်းသေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာနှင့် တရားမျှတစွာ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ဆောင်ရွက်မယ်လို့ CDF-Hakha ဗဟိုကောင်စီကြေညာလိုက်ပါတယ်။ CDF-Hakha ဗဟိုကောင်စီဟာ ဆလိုင်းဆန်းလိန်သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီကနေ့မေလ ၂၈ ရက်နေ့မှာ ပြည်သူလူထုထံ အသိပေးကြေညာချက် ထုတ်ပြန်ပြီး ခုလိုပြောဆိုလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ ရက် မနက် ၉း၅၀နာရီခန့်မှာ CDF-Hakha ရုံးချုပ်ခန်းမ ဆောင်ကို တာဝန
May 29


ပလက်ဝမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ၊ ပြည်သူတစ်ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရဟု ဆို
VOC/ May 28, 2026 ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲက CDF-Paletwa ထိန်းချုပ်နယ်မြေဒေသဘက်ကို အကြမ်းဖက်စစ်တပ်က ယနေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး ပြည်သူတစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ CDF – Paletwa ထိန်းချုပ်နေမြေဖြစ်တဲ့ ဆမီးဒေသ၊ ဝါရူးကျေးရွာနဲ့ ကယက်ကျေးရွားကြားကို ယနေ့ မနက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပလက်ဝအခြေစိုက် ခူမီးမီဒီယာက ဖော်ပြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဗုံးမကြဲခင်မှာ အဲဒီဒေသ
May 29


မင်းတပ်မြို့အရှေ့ခြမ်းကို ကျောက်ထုအမြောက်တပ်ကနေ ဟောင်ဝစ်ဆာနဲ့ပစ်ခတ်၊ ကန်ပက်လက် နဲ့ မတူပီမြို့ လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်
VOC/ May 28, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို မကွေးတိုင်း ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် (၃၆၈) ကနေ ဟောင်ဝစ်ဆာဖြင့် ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်မှာ ၂ ကြိမ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ယနေ့ညနေပိုင်း ၃ နာရီ ၂၀ မိနစ်ခန့်မှာ ကန်ပက်လက်မြို့တစ်နေရာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ ဗုံး ၄ လုံးကြဲချခဲ့သလို အလားတူ မတူပီမြို့နယ်တစ်နေရာကိုလည်း လေကြောင်းတိုက်ခိုက်သွားတယ်လို့ ချင်းတောင်ပိုင်းလေကြောင်းတိုက် ခိုက်မှုအခြေအနေကို ပုံမှန်ဖော်ပြနေတဲ့ HKL ကဖော်ပြပါတယ်။ ညနေပိုင်
May 29


ကြယ် (နင်တို့လိပ်ပြာလုံရဲ့လား)Phyu Phyu Kyaw Thein
မလေးရှားနိုင်ငံရှိ Chin Refugee Committee (CRC) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ချင်းဒုက္ခသည်တွေကို “ညီအစ်ကို မောင်နှမများ” လို့ ခေါ်ဆိုပြီး တော်လှန်ရေး သီချင်း “ကြယ်” ကိုသီဆို ခဲ့ပါတယ်။
May 29


အိန္ဒိယကို ကျော်လွန်ပြီး ထိုင်ဝမ်က စတော့ဈေးကွက်စုစုပေါင်းတန်ဖိုး ကမ္ဘာ့အဆင့် ၅ နေရာကို ရောက်ရှိ
VOC/ May 28, 2026 ကမ္ဘာ့အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Taiwan Semiconductor Manufacturing Co. (TSMC) ရဲ့ ရှယ်ယာဈေး အရှိန်မြင့်တက်လာမှုကြောင့် ထိုင်ဝမ်စတော့ဈေးကွက်ရဲ့ စုစုပေါင်းတန်ဖိုးဟာ အိန္ဒိယကိုကျော်လွန်ပြီး ကမ္ဘာ့အဆင့်မှာ နံပတ် ၅ နေရာကို ရောက်ရှိခဲ့ပါတယ်။ တနင်္လာနေ့က Bloomberg ရဲ့ စာရင်းဇယားတွေအရ ထိုင်ဝမ်စတော့ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၉၅ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး အိန္ဒိယရဲ့ စတော့ဈေးကွက်တန်ဖိုး ၄.၉၂ ထရီလီယံဒေါ်လာကို ကျော်လွန်သွားခဲ့ပါတယ်။ ထိုင်ဝမ်ဟာ အမေ
May 29


အာရက္ခတပ်တော်က ဒိုင်းနက်လူမျိုး ၁၀၀ ကျော်ဖမ်းဆီး၊ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒိုင်နက်(Chakma) အဖွဲ့အစည်း ၁၂ ခုကတောင်းဆို
VOC/ May 28, 2026 အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ် မောင်တော်မြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ သဘော်လှကျေးရွာက ဒိုင်းနက် (Chakma) လူမျိုး ၁၀၀ ကျော်ဖမ်းဆီးမှုကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒိုင်းနက်(Chakma) အဖွဲ့အစည်း ၁၂ ခုက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ အာရက္ခတပ်တော် (ULA/AA) တပ်ဖွဲ့ဝင်တွေဟာ ဒိုင်းနက်လူမျိုးတွေနေထိုင်တဲ့ သဘော်လှကျေးရွာမှာ စစ်မှုထမ်းရန် စစ်သားစုဆောင်းလာတဲ့အတွက် ဒေသခံတွေနဲ့ AA တပ်ဖွဲ့အကြား တင်းမာမှု နဲ့ နားလည်မှုလွဲမှားမှုဖြစ်ပွားခဲ့တယ်လို
May 29


ပြည်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်မှုကြောင့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကွယ်လွန်
VOC/ May 28, 2026 ပဲခူးတိုင်း၊ ပြည်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုမြင့်နိုင်(ခေါ်) မြင့်စိုး ကွယ်လွန်ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီကနေ့မှာထုတ်ပြန်ပါတယ်။ သွေးတိုးရောဂါအခံရှိသူ ကိုမြင့်နိုင်ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာ စတင်ခံစားခဲ့ရပြီး အဲဒီလိုဖြစ်ပွားပြီးနောက် သုံးနာရီခန့်အကြာ မနက် ၉ နာရီကျမှသာ ပြည်မြို့နယ် ကုတင် (၅၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ဆိ
May 29


အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုမပေးဖို့ အိန္ဒိယကို NUG တောင်းဆို
VOC/ May 28, 2026 မတရားစစ်အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုမပေးဖို့ အိန္ဒိယအစိုးရကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က စာရေးသားတောင်းဆိုလိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို သွားရောက်မယ့် အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး များစွာစိုးရိမ် ကြောင်း နဲ့ ကန့်ကွက်ကြောင်း သဝဏ်လွာကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က မေ ၂၇ ရက်စွဲနဲ့ ပေးပို့ခဲ့တယ်လို့သိရပါတယ်။ မတရာ
May 29


RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ခြိမ်းခြောက်
VOC/ May 28, 2026 သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ရောက်ရှိနေတဲ့နေရာတဝိုက်ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်တစင်းဖြင့် အနီးကပ်ပျံသန်းပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာမှာ စေတီထီးတော်တင်ပွဲပြုလုပ်အပြီး ထိန်းချုပ် နယ်မြေဒေသအတွင်းက ဒေသခံပြည်သူလူထုနဲ့တွေ့ဆုံရန် ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ မေလ (၂၆) ရက်နေ့က ရောက်ရှိလ
May 29


AI အမြတ်ခွဲဝေမှုသဘောတူညီချက်အပြီး Samsung Memory Chip ဝန်ထမ်းများဒေါ်လာ ၄သိန်းကျော်စီ ဆုကြေးငွေရရှိ
VOC/ May 28, 2026 Samsung Electronics ရဲ့ memory chip ဌာနဝန်ထမ်းတွေဟာ AI လုပ်ငန်းအရှိန်မြင့်လာမှုကြောင့် အမြတ်ငွေများတက်လာတဲ့အတွက် အမြတ်ခွဲဝေမှုသဘောတူညီချက်အရ တစ်ဦးကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၁၅၀၀၀ (ပေါင် ၃၁၀,၀၀၀) လောက်အထိ bonus ရရှိမှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ဝန်ထမ်းသမဂ္ဂ ၂ ဖွဲ့က မဲပေးဆုံးဖြတ်ခဲ့ရာမှာ မဲပေးခဲ့တဲ့ ဝန်ထမ်း ၆၂,၆၁၆ ယောက်ထဲက ၇၄% က ထောက်ခံခဲ့တာကြောင့် strike ဖြစ်နိုင်တဲ့အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရက ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ဒီသဘေ
May 29


CIA အရာရှိဟောင်းကို ဖမ်းဆီးချိန်မှာငွေသား ၂ သန်း၊ ဒေါ်လာ သန်း၄၀ တန်ဖိုးရှိ ရွှေချောင်းများရှာတွေ့
VOC/ May 28, 2026 ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ဖမ်းဆီးရမိခဲ့တဲ့ CIA အရာရှိဟောင်းတစ်ဦးရဲ့နေအိမ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် တန်တဲ့ ရွှေချောင်းများ ရှာဖွေတွေ့ရှိခဲ့တယ်လို့ FBI က မေလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ သူ့ကို ပညာရေးနဲ့ စစ်ရေးနောက်ခံ လိမ်လည်မှုရှိမရှိ စစ်ဆေးနေချိန်မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ တရားရုံးမှတ်တမ်းတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ CIA အရာရှိဟောင်း David Rush ကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားရှိပြီး သူ့ရဲ့ ရှေ့နေတွေနဲ့ ဖက်ဒရယ်ရှေ့နေတွေက သူ့ကို ဆက်
May 29


အိန္ဒိယကိုသွားရောက်မယ့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နယူးဒေလီရောက် မြန်မာအင်အားစုတွေက ပြင်းပြင်းထန်ထန်ဆန့်ကျင်ဆန္ဒပြမည်
VOC/ May 27, 2026 အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မကြာခင်ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပြီး နယူးဒေလီရောက် မြန်မာအင်အားစုတွေက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး မိမိကိုယ့်ကို သမ္မတအဖြစ် ခန့်အပ်တင်မြောက်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ မေလ ၃၀ ရက်နေ့မှာ နယူးဒေလီမြို့ကိုရောက်ရှိလာမယ်လို့ အိန္ဒိယသတင်းဌာနတွေကဖော်ပြကြပြီး ဒါဟာ သမ္မတရာထူးရယူပြီးနောက် ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ မင်
May 27


ထရမ့်ရာထူးပြန်တက်ချိန်မှစပြီး လူဝင်မှုထိန်းသိမ်းစခန်းများမှာ မိမိကိုယ်ကို အဆုံးစီရင်မှုမြင့်တက်
VOC/ May 27, 2026 အမေရိကန်သမ္မတ Donald Trump ဒုတိယအကြိမ် သမ္မတတာဝန်ယူချိန်မှစပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိန်းရေးစခန်းများမှာ မိမိကိုယ်ကိုအဆုံးစီရင်မှုမြင့်တက်လာတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလမှာ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ Brayan Rayo Garzon ဟာ COVID-19 ရောဂါဒဏ်ကို ခံစားရင်း လေးရက်မြောက်နေ့မှာ သီးခြားခွဲထွက်နေထိုင်ခဲ့ပါတယ်။ မှတ်တမ်းများအရ သူဟာ စိတ်ကျန်းမာရေးကုသမှုတောင်းဆိုမှုကို ရွှေ့ဆိုင်းခဲ့ပြီး ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် Rayo ကို ညတိုင်း မ
May 27


မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ ဒီကနေ့မေလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ ချင်းဒုက္ခသည်ကော်မတီ - မလေးရှား (CRC)
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ ဒီကနေ့မေလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ ချင်းဒုက္ခသည်ကော်မတီ - မလေးရှား (CRC) တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားမှာ ကချင်ညီအကိုများက UFC ကမ္ဘာ့ချန်ပီယံ Joshua Van နှင့် CRC ကော်မတီကို ကချင်ရိုးရာလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
May 27


ရေးဘီလူးအဖွဲ့ စခန်း လေကြောင်းတိုက်ခိုက်ခံရမှု၊ တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်ကျဆုံး
VOC/ May 27, 2026 မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ စခန်းဌာနချုပ်ကို အာဏာ သိမ်း အကြမ်းဖက်စစ်တပ်က မနေ့မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်ကျဆုံးသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ရေးဘီလူးအဖွဲ့ စခန်းဌာနချုပ်ကို Y 12 အပါအဝင် ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ လေကြောင်းကနေ လေးကြိမ်တိုင် ဗုံးကြဲသွားတာလို့ မွန်သတင်းဌာန သံလွင်တိုင်းမ်က ဖော်ပြပါတယ်။ လေကြောင်းဗုံးကြဲခံရတာ
May 27
bottom of page