top of page

AI အမြတ်ခွဲဝေမှုသဘောတူညီချက်အပြီး Samsung Memory Chip ဝန်ထမ်းများဒေါ်လာ ၄သိန်းကျော်စီ ဆုကြေးငွေရရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 28, 2026


Samsung Electronics ရဲ့ memory chip ဌာနဝန်ထမ်းတွေဟာ AI လုပ်ငန်းအရှိန်မြင့်လာမှုကြောင့် အမြတ်ငွေများတက်လာတဲ့အတွက် အမြတ်ခွဲဝေမှုသဘောတူညီချက်အရ တစ်ဦးကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၁၅၀၀၀ (ပေါင် ၃၁၀,၀၀၀) လောက်အထိ bonus ရရှိမှာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို ဝန်ထမ်းသမဂ္ဂ ၂ ဖွဲ့က မဲပေးဆုံးဖြတ်ခဲ့ရာမှာ မဲပေးခဲ့တဲ့ ဝန်ထမ်း ၆၂,၆၁၆ ယောက်ထဲက ၇၄% က ထောက်ခံခဲ့တာကြောင့် strike ဖြစ်နိုင်တဲ့အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရက ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ဒီသဘောတူညီချက်အရ Samsung ဟာ semiconductor division ရဲ့ operating profit ၁၀.၅% ကို chip division ဝန်ထမ်းတွေအတွက် အထူး bonus အဖြစ် ခွဲဝေပေးရမှာဖြစ်ပြီး၊ ငါးလကြာတင်းမာနေတဲ့ အလုပ်သမားအငြင်းပွားမှုကို အဆုံးသတ်စေမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် consumer electronics လို အခြားဌာနဝန်ထမ်းတွေကတော့ ဒီထက် အများကြီးနည်းတဲ့ bonus ပဲရမယ့်အတွက် Samsung အတွင်းမှာ မကျေနပ်မှုတွေ ပေါ်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Reuters ရဲ့ အဆိုအရ အခြေခံလစာ ဝမ် ၈၀ သန်း (ဒေါ်လာ ၅၃,၄၀၀ / ပေါင် ၃၉,၇၀၀) ရတဲ့ memory chip ဝန်ထမ်းတစ်ယောက်ဟာ ဒီနှစ်မှာ ဝမ် ၆၂၆ သန်း (ဒေါ်လာ ၄၁၆,၀၀၀ / ပေါင် ၃၁၀,၀၀၀) လောက်အထိ bonus ရနိုင်တယ်လို့ union source တစ်ဦးက ပြောထားပါတယ်။ Bonus အများစုကို stock ပုံစံနဲ့ ပေးမယ်လို့လည်း သိရပါတယ်။

ဝန်ထမ်းတစ်ယောက်ချင်းစီရမယ့် bonus ပမာဏက ကွာခြားနိုင်ပြီး၊ Bloomberg ကတော့ Samsung chip division ဝန်ထမ်းတွေဟာ ပျမ်းမျှအားဖြင့် ဝမ် ၅၁၃ သန်း (ဒေါ်လာ ၃၄၀,၀၀၀ / ပေါင် ၂၅၀,၀၀၀) လောက် ရနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

Samsung ရဲ့ semiconductor division မှာ memory chips၊ contract chipmaking နဲ့ client တွေအတွက် semiconductor design လုပ်ငန်းတွေ ပါဝင်ပြီး ဝန်ထမ်းပေါင်း ၇၈,၀၀၀ ခန့် ရှိပါတယ်။

AI datacenter တွေအတွက် memory chip လိုအပ်ချက် အလွန်မြင့်တက်လာတာကြောင့် chip shortage ဖြစ်ပေါ်ခဲ့ပြီး chip စျေးနှုန်းတွေ မြင့်တက်လာကာ ကုမ္ပဏီအမြတ်အစွန်းတွေကိုလည်း တိုးစေခဲ့ပါတယ်။

ဒီ AI အရှိန်နဲ့တိုးတက်လာမှုကြောင့်memory chip ကုမ္ပဏီတွေဖြစ်တဲ့ SK Hynix နဲ့ Micron Technology တို့ရဲ့ market value ဟာ ပထမဆုံးအကြိမ် ဒေါ်လာ ၁ ထရီလီယံကျော်သွားခဲ့ပါတယ်။

SK Hynix ရဲ့ရှယ်ယာစျေးဟာ ဗုဒ္ဓဟူးနေ့မှာ ၉% ကျော်တက်သွားပြီး market capitalization ကို ဒေါ်လာ ၁ ထရီလီယံကျော်အထိ ရောက်စေခဲ့ပါတယ်။ Micron ရဲ့ရှယ်ယာစျေးကလည်း အင်္ဂါနေ့မှာ ၁၉% အထိ မြင့်တက်ခဲ့ပြီး UBS က stock price target ကို သုံးဆတိုးမြှင့်ခဲ့ပြီးနောက် market value ဟာ ဒေါ်လာ ၁ ထရီလီယံကျော်သွားခဲ့တာ ဖြစ်ပါတယ်။

Micron ရဲ့ရှယ်ယာတက်မှုကြောင့် tech-heavy ဖြစ်တဲ့ Nasdaq Composite index ဟာ record high အသစ်တင်နိုင်ခဲ့ပြီး၊ SK Hynix ကလည်း တောင်ကိုရီးယားရဲ့ KOSPI ကို စံချိန်သစ်တင်စေခဲ့ပါတယ်။


Source - The Guardian



 
 
 

Comments


bottom of page