top of page

ထရမ့်ရာထူးပြန်တက်ချိန်မှစပြီး လူဝင်မှုထိန်းသိမ်း‌စခန်းများမှာ မိမိကိုယ်ကို အဆုံးစီရင်မှုမြင့်တက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 27
  • 1 min read

VOC/ May 27, 2026


အမေရိကန်သမ္မတ Donald Trump ဒုတိယအကြိမ် သမ္မတတာဝန်ယူချိန်မှစပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိန်းရေးစခန်းများမှာ မိမိကိုယ်ကိုအဆုံးစီရင်မှုမြင့်တက်လာတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလမှာ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ Brayan Rayo Garzon ဟာ COVID-19 ရောဂါဒဏ်ကို ခံစားရင်း လေးရက်မြောက်နေ့မှာ သီးခြားခွဲထွက်နေထိုင်ခဲ့ပါတယ်။

မှတ်တမ်းများအရ သူဟာ စိတ်ကျန်းမာရေးကုသမှုတောင်းဆိုမှုကို ရွှေ့ဆိုင်းခဲ့ပြီး ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် Rayo ကို ညတိုင်း မိခင်ဆီ ဖုန်းခေါ်ဆိုခြင်းကို ဝန်ထမ်းများက တားမြစ်ထားပါတယ်။

အကျဉ်းထောင်ဝန်ထမ်း‌တွေကို မိခင်ဖြစ်သူနဲ့ ဖုန်းပြောခွင့်ရဖို့ လက်ရေးစာတိုများနဲ့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

 “သူမက ကျွန်တော့်အတွက် အရမ်းစိုးရိမ်နေတယ်လို့ ကျွန်တော် နှလုံးသားထဲမှာ ခံစားရတယ်” လို့ သူက စပိန်ဘာသာနဲ့ရေးသားခဲ့ပါတယ်။

အစောင့်တစ်ဦးက မှတ်စုကို ကောက်ယူပြီး ထွက်သွားပြီး ထောင်မှတ်တမ်းများအရ တစ်နာရီအတွင်း သူ့အခန်းထဲမှာ သတိလစ်နေတာကို တွေ့ရပါတယ်။ ရင်ခွဲစစ်ဆေးမှုအရ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

Rayo ရဲ့ သေဆုံးမှုဟာ ICE ထိန်းသိမ်းခံထားရသူများကြား ပထမဆုံး မိမိကိုယ်ကိုယ်အဆုံးစီရင်မှုဖြစ်ပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်မှုအရေအတွက် မကြုံစဖူးများပြားလာပါတယ်။

 ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ Trump ရာထူးတာဝန်ယူချိန်မှစပြီး ထိန်းသိမ်းခံရသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အားလုံးဟာ အမျိုးသားများဖြစ်ပါတယ်။

 ICE အချက်အလက်များ၊ ရင်ခွဲစစ်ဆေးမှုအစီရင်ခံစာများ၊ ရင်ခွဲစစ်ဆေးရေးမှူးရဲ့ ဆုံးဖြတ်ချက်များနဲ့ ရဲမှတ်တမ်းများကို ပြန်လည်သုံးသပ်ချက်အရ အောက်တိုဘာလမှစပြီး သေဆုံးမှုခုနစ်ခုကို မိမိကိုယ်ကိုယ်သတ်သေမှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ICE ရဲ့ သမိုင်းမှာ နှစ်စဉ်မှတ်တမ်းများအရ အများဆုံးဖြစ်ပါတယ်။


Source - AP News



 
 
 

Comments


bottom of page