top of page

CIA အရာရှိဟောင်းကို ဖမ်းဆီးချိန်မှာငွေသား ၂ သန်း၊ ဒေါ်လာ သန်း၄၀ တန်ဖိုးရှိ ရွှေချောင်းများရှာတွေ့

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 28, 2026


ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ဖမ်းဆီးရမိခဲ့တဲ့ CIA အရာရှိဟောင်းတစ်ဦးရဲ့နေအိမ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် တန်တဲ့ ရွှေချောင်းများ ရှာဖွေတွေ့ရှိခဲ့တယ်လို့ FBI က မေလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

သူ့ကို ပညာရေးနဲ့ စစ်ရေးနောက်ခံ လိမ်လည်မှုရှိမရှိ စစ်ဆေးနေချိန်မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ တရားရုံးမှတ်တမ်းတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။

CIA အရာရှိဟောင်း David Rush ကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားရှိပြီး သူ့ရဲ့ ရှေ့နေတွေနဲ့ ဖက်ဒရယ်ရှေ့နေတွေက သူ့ကို ဆက်ပြီး ထိန်းထားသင့်မသင့် တရားရုံးက ဆုံးဖြတ်ဖို့ နောက်ထပ်အချက်အလက်များကို စုဆောင်းနေကြတယ်လို့ ဆိုပါတယ်။

နှစ်ဘက်ရှေ့နေတွေက သူ့ကို ဗာဂျီးနီးယားအရှေ့ပိုင်းခရိုင်တရားရုံးမှာ ကြားနာစစ်ဆေးဖို့ ဇွန်လ ၅ ရက်နေ့အထိ ရွှေ့ဆိုင်းပေးဖို့ ပူးတွဲတောင်းဆိုကြပါတယ်။ FBI နဲ့ CIA အေဂျင်စီနှစ်ခုလုံးက Rush ကို ဌာနတွင်းစုံစမ်းစစ်ဆေးရာက ဥပဒေချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးခဲ့တာလို့ ပူးတွဲကြေညာချက်ထုတ်ပါတယ်။

အရင်နှစ် နိုဝင်ဘာလက အခုနှစ် မတ်လအတွင်းကာလမှာ Rush ဟာ အစိုးရဆီကနေ အလုပ်နဲ့သက်ဆိုင်တဲ့ ကုန်ကျစရိတ်တွေအတွက် နိုင်ငံခြားငွေအမြောက်အမြားနဲ့ ရွှေချောင်းဒေါ်လာ သန်းပေါင်းများစွာ ရယူဖို့ အစိုးရဆီ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ တိုင်ကြားချက်မှာ ပါရှိပါတယ်။

Rush ရဲ့အလုပ်ရှင်က CIA ဖြစ်တယ်လို့ အတည်ပြုနိုင်ပေမယ့် ဒီရွှေချောင်းတွေကို ရှာဖွေနိုင်ခြင်း ဒါမှမဟုတ် အသုံးပြုနိုင်တဲ့ ရည်ရွယ်ချက်ကို ရှာတွေ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ မေလ ၁၈ ရက်နေ့က သူ့နေအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါ ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိ ရွှေချောင်း ၃၀၃ ချောင်း၊ ဇိမ်ခံလက်ပတ်နာရီ ၃၅ လုံးနဲ့ ငွေသား အမေရိကန်ဒေါ်လာ ၂ သန်း ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


Source - CBS



 
 
 

Comments


bottom of page