top of page

ကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ အသက် ၅၅ နှစ်ပြည့် မွေးနေ့ကို အိမ်ဖြူတော်တွင် ကျင်းပ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 28 2026


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ မွေးနေ့ကို မေလ ၂၈ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့အတူ အိမ်ဖြူတော်တွင် ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

 အမေရိကန် ပြည်ထောင်စုရဲ့ ၇၂ ယောက်မြောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အဖြစ်ရော၊ ယာယီ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (acting National Security Advisor) အဖြစ်ပါ တာဝန်ယူ ဆောင်ရွက်နေတဲ့ Rubio ဟာ မေလ ၂၈ ရက်မှာ အသက် ၅၅ နှစ်ပြည့်တာ ဖြစ်ပါတယ်။

ရာထူးနေရာ အများအပြားကို တစ်ပြိုင်နက် ကိုင်တွယ်ထားရတဲ့အတွက်ကြောင့် သူ့ရဲ့ မွေးနေ့မှာ ဝန်ထမ်းတွေအနေနဲ့ သူ့ကို ဘယ်လိုရာထူးအမည်နဲ့ တရားဝင် ခေါ်ဝေါ်ဂုဏ်ပြုရမလဲဆိုတာ တော်တော်လေး အကြပ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း Rubio အတွက် အမေရိကန်သံရုံးက ကြီးမှူးပြီး နယူးဒေလီမြို့ Bharat Mandapam ခန်းမမှာ စည်စည်ကားကားနဲ့ ပျော်စရာကောင်းတဲ့ မွေးနေ့ကြိုဂုဏ်ပြုပွဲတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။


Source: Department of Secretary



 
 
 

Comments


bottom of page