ချင်းနဲ့မီဇိုဟာ တသွေးတသားတည်းဖြစ်ပြီး မိမိက လူမျိုးနှစ်ခုလုံးကို ကိုယ်စားပြုကြောင်း Joshua Van ပြောကြားUFC Flyweight Champion Joshua Van Thanks Fans in Mizo Ram, Says “Mizo and Chin Are One”
- thevoiceofchinland
- May 29
- 1 min read
VOC/ May 29, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ မိမိကို အားပေးထောက်ခံတဲ့ မီဇိုရမ်ဒေသခံတွေကို Joshua Van က ကျေးဇူးတင်ကြောင်းနဲ့ မီဇိုနဲ့ ချင်းများဟာ တစ်သွေးတစ်သားတည်းဖြစ်တယ်လို့ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
ပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာ UFC Flyweight ချန်ပီယံ Joshua Van က ပထမဆုံးအနေနဲ့ ဘုရားသခင်နှင့် ယေရှုခရစ်တော်ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီးနောက် မီဇိုနဲ့ ချင်းလူမျိုးတွေက တစ်သွေးတည်း တစ်သားတည်းဖြစ်ပြီး မိမိအနေဖြင့် လူမျိုးစုနှစ်ခုလုံးကို ဂုဏ်ယူစွာဖြင့် ကိုယ်စားပြုပါကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“မီဇိုနဲ့ ချင်းဟာ တသွေးတသားတည်းကဖြစ်တဲ့ လူမျိုးတွေပါ၊ ကျွန်တော်ကတော့ ဒီနှစ်မျိုးလုံးကို ကိုယ်စားပြုပါတယ်” လို့ Van က ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှ ချင်းလူမျိုး တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သူ Joshua Van ဟာ UFC မှာ အောင်မြင်မှုများ ဆက်တိုက်ရရှိထားတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ အသိအမှတ်ပြုခံနေရပြီး ချင်းလူမျိုးများနဲ့ မီဇိုလူမျိုး အသိုင်းအဝိုင်းများရဲ့ အားပေးထောက်ခံမှုကို ခိုင်ခိုင်မာမာ ရရှိထားပါတယ်။
UFC Flyweight Champion Joshua Van Thanks Fans in Mizo Ram, Says “Mizo and Chin Are One”
VOC/ May 29 2026
UFC flyweight champion Joshua Van thanked supporters in Mizo Ram during a visit to India, saying he was grateful for the warm welcome from fans.
Van first thanked God and Jesus Christ before telling supporters that the Mizo and Chin people are one and that he proudly represents both communities.
“Mizo and Chin are one people, and I represent both,” Van said.
Joshua Van, a Chin fighter from Myanmar, has gained international recognition through his success in the UFC and has drawn strong support from Chin and Mizo communities.




Comments