အကြမ်းဖက် စစ်ခေါင်းဆောင် သမ္မတရဲ့ ၅ ရက်တာ အိန္ဒိယခရီးစဉ် စတင်၊ ဗုဒ္ဓဂါယာကို ပထမဆုံး သွားရောက်ဖူးမြော်
- thevoiceofchinland
- Jun 2
- 1 min read
VOC/ May 31, 2026
အာဏာသိမ်းအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ မေလ ၃၀ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်တစ်ခု သွားရောက်နေပါတယ်။
ဒါဟာ သူ လက်ရှိ သမ္မတရာထူးကို တရားဝင်ရယူပြီးနောက်ပိုင်းမှာ အိန္ဒိယကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ လွှတ်တော်ဝန်ကြီးများ၊ အစိုးရအဆင့်မြင့်အရာရှိကြီးများနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်းလိုက်ပါသွားပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ဟာ ခရီးစဉ်ရဲ့ပထမဆုံးအဖြစ် Bihar ပြည်နယ်က ဗုဒ္ဓဂါယာ - Bodh Gaya ကို ရောက်ရှိလာခဲ့ပြီး နောက်ထပ်နာမည်ကြီးဗုဒ္ဓဘာသာဘုရားဖူးခရီးသွားနေရာဖြစ်တဲ့ မဟာဗောဓိညောင်ပင်နဲ့ သုဇာတာကျောင်း တို့ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။
MEA (အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန) ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံကြားက ယဉ်ကျေးမှုနဲ့ စိတ်ဝိညာဉ်ရေးရာ ဆက်နွှယ်မှုတွေကို ပိုပြီးခိုင်မာစေတယ်လို့ ကြိုဆိုစကား ပြောခဲ့ပါတယ်။
မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဇွန်လ ၁ ရက်နေ့မှာ New Delhi ကိုသွားရောက်ပြီး Narendra Modi နဲ့ တရားဝင် ဆွေးနွေးပွဲလုပ်မှာဖြစ်ပါတယ်။ ဆွေးနွေးမှုမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးမဟာဗျူဟာတွေကို တိုင်ပင်ပြီး Business Forum (စီးပွားရေးဖိုရမ်) ကို တက်ရောက်ဖို့ ရှိပါတယ်။
ဇွန်လ ၂ ရက်နေ့မှာတော့ Mumbai ကို သွားပြီးတော့ စက်မှုလက်မှုလုပ်ငန်းတွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဇွန်လ ၃ ရက်နေ့မှာ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
မြန်မာစစ်အာဏာရှင်ပ သမ္မတ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို တရားဝင်သွားရောက်မဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၂၀ ကျော်က တောင်းဆို ထားပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားမှု ကွန်ရက်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်း စုစုပေါင်း ၁၂၂ ဖွဲ့က မေ ၂၈ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီထံ အိတ်ဖွင့် ပေးစာ တစောင် ပေးပို့ တောင်းဆိုခဲ့ပါတယ်။
Source - WION, Reuters




Comments