PSG က ဉရောပ ချန်ပီယံလိဂ်ဆုဖလားကို နှစ်နှစ်ဆက်တိုက်ရရှိ
- thevoiceofchinland
- Jun 2
- 1 min read
VOC/ 30 May 2026
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ယှဥ်ပြိုင်ကစားခဲ့တဲ့ ဥရောပဘောလုံးလောကရဲ့ အမြင့်ဆုံးကလပ်ပြိုင်ပွဲဖြစ်တဲ့ UEFA Champions League ဖလားကို PSG အသင်းက ဆွတ်ခူးခဲ့ပါတယ်။
UEFA ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ PSG အသင်းမှ အာစင်နယ်အသင်းအား ပယ်နယ်တီဖြင့်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို နှစ်နှစ်ဆက်တိုက်ရရှိသွားခဲ့ပါတယ်။
မိနစ် ၁၂၀ ကစားအပြီးတွင် နှစ်သင်းစလုံး တစ်ဖက်
တစ်ဂိုးစီ (၁-၁) ဖြင့် သရေကျနေခဲ့ပါတယ်။ ပွဲအစစောစောပိုင်းတွင် ကိုင် ဟာဗက်ဇ် (Kai Havertz) က အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း၊ အူစမန် ဒီယမ်ဘီလီ (Ousmane Dembele) က PSG အတွက် ချေပဂိုး ပယ်နယ်တီဖြင့် ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန်အတွင်း ၁-၁ သရေရလဒ်ဆက်ရှိခဲ့တာကြောင့် အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပို မိနစ် ၃၀ အပြီးမှာလည်း သရေရလဒ် ဆက်ရှိနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ရ၊ အာဆင်နယ်အသင်းက နှစ်လုံးလွဲချော်ခဲ့သလို PSG အသင်းကတော့ တစ်လုံးသာ လွဲချော်ခဲ့တာကြောင့် PSG အသင်းက အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။








Comments